(Unicode)
.
.
.
.
.
ဒီနေ့က စာမေးပွဲနောက်ဆုံး ဖြေပြီးတဲ့နေ့မို့ ကျောင်းသူကျောင်သားတွေက အတော်ပျော် ဆူညံနေကြသည်။ဂျောင်ဂုတို့လည်း ဖြေပြီပြီးမို့ ထယ်ယောင်းတို့ထွက်အလာကို စောင့်နေကြသည်။
အမှန်တော့ ထယ်ယောင်းတို့လည်းဖြေပြီးလို့ထွက်လာတာကြာပြီး။
ဒါမဲ့ဂျီမင်က အဖြေတိုက်ကြည့်ချင်တယ်ဆိုလို့ နှစ်ယောက်သား ကျောင်းဝန်းတနေရာမှာထိုင်ကာ အဖြေတိုက်နေကြခြင်ပင်။သူဖြေခဲ့တာနဲ့အဖြေတူရင် တပြုံးပြုံးလုပ်နေတတ်ပေမဲ့ အဖြေများမတူခဲ့ရင် မင်းမှန်းလား ငါမှန်လားလုပ်ပြန်သည်။ဘယ်သူမှန်လည်းဆိုတာတော့ စာစစ်တဲ့သူပဲသိမှာပေါ့လို့။သို့သော်လည်း သူငယ်ချင်းလေး စိတ်ကျေနပ်အောင် လိုက်ကာ အဖြေတိုက်ပေးနေလိုက်သည်။
နမ်ဂျွန်တို့လည်း စောင့်နေတာတအောင့်လောက်ကြာနေပြီးကို ခုထိထွက်မလာသေးဘူးဆိုတာက မဟုတ်သေးပါ။တချို့သူတွေတောင် ပြန်ကုန်ကြပြီးကို အဲ့နှစ်ယောက်က စာမေးပွဲခန်းထဲ ပိတ်မိနေတာများလား။ဤသို့ဖြင့် စိတ်မရှည်တော့တဲ့ ယွန်ဂီက ဂျောင်ဂုအား ပြောလာသည်။"ဟျောင့် ဂွတ် ထယ်ယောင်းဆီဖုန်းဆက်စမ်း စာမေးပွဲခန်းထဲ နှစ်ယောက်သား ပိတ်မိနေတာလားလို့"
"မင်းဆက်လေး"
"ငါမဆက်ချင်လို့ မင်းကိုခိုင်းနေတာပေါ့ လျှာမရှည်နဲ့ မင်းယောကျာ်းကိုသာ ဖုန်းဆက်စမ်းပါ"
"ဖွင့်တောင်မပြောရသေးတာကို ဘာယောကျာ်းလဲ ခုက သူငယ်ချင်းပဲရှိသေးတယ် "
ဂျောင်ဂုက မခေါ်သေးပဲ လေကြောရှည်ကာ ယွန်ဂီစကားကို ပြန်ချေပနေတုန်း နမ်ဂျွန်ကမနေနိုင်တော့ပဲ ဝင်ပြောလာသည်။
"အာကွာ သူငယ်ချင်းကနေ ချစ်သူ ၊ ချစ်သူကနေ လင်ယောကျာ်း ၊ လင်ယောကျာ်းကနေ ရန်သူ ၊ ရန်သူကနေ တရားရုံးတက် ကွာရှင်းကြမှာ သိနေတာကို ခေါ်စရာရှိတာမြန်မြန်ခေါ် "
"ဟားးး"
ဟိုဆော့မှာ နမ်ဂျွန်စကားကြောင့် ရယ်မိတော့သည်။
YOU ARE READING
First Love》JkV》{Complete}
RomanceUnicode + Zawgyi J 💜 V #taekookfic #kookvfic #Myanmar funny , romance ♡start date 23.10.22 ♡end date 13.12.23 🍜 ဤ fic သည် စာရေးသူ၏ စိတ်ကူးယဉ်အတွေးများကို ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သည်။ပထမဆုံးရေးဖူးတဲ့ fiction ပါ။ဝင်ဖတ်မယ်ဆိုရင်တော့ အမှားတွေအမျ...