🌼6🌼(U+Z)✔️

625 19 1
                                    

Unicode
.
.
.
.
.

ဒီနေ့ကျောင်းပိတ်တာမို့ ဂျီမင်နဲ့ သူ အပြင်ထွက်လည်ကြဖို့ ချိန်းထားသည်။ထယ်ယောင်းမှာ ဒီဟာဝတ်ရမလား ဟိုဟာဝတ်ရမလား ရွေးရင် အခန်းထဲမှာ အဝတ်တွေက ဟိုတထည် ဒီတထည် ပြန့်ကျဲနေလျက်။

ထိုချိန် အောက်ထပ်၌ ကင်မ်မေမေက ချက်ပြုတ်နေရင်း ဘဲလ်တီသံကြားလို့ တံခါးသွားဖွင့်လိုက်တော့ တံခါးရှေ့မှာ ကောင်လေးတယောက်မတ်တပ်ရပ်နေတာ။ထိုကောင်လေးက သူ့ကိုမြင်တော့ ပြုံးပြကာ နှုတ်ဆက်လာတယ်။

"မင်္ဂလာပါဗျ ကျနော်နာမည် ပတ်ဂျီမင်လို့ခေါ်ပါတယ် ထယ်ယောင်းသူငယ်ချင်းပါ "

"အော် လာလေးသား အထဲဝင်"

"ဟုတ်"

ကင်မ်မေမေလည်း သားသူငယ်ချင်းဆိုတာကြောင့် အိမ်ထဲဝင်ခွင့်ပြုလိုက်သည်။
ဂျီမင်လည်း အိမ်ထဲဝင်လာရင်း တဆက်ထဲမေးလိုက်တယ်။

"ဒါနဲ့ ထယ်ယောင်းရော"

"သားသူငယ်ချင်းက အပေါ်မှာ အန်တီသွားခေါ်ပေးမယ် ခနစောင့်နော်"

လို့ပြောပြီး အပေါ်တက်သွားလေတော့ ဂျီမင်လည်း ဧည့်ခန်း၌ ထိုင်စောင့်နေလိုက်သည်။

ထယ်ယောင်းမှာ ချွတ်လိုက်ဝတ်လိုက် မှန်ထဲပြေးကြည့်လိုက်နဲ့ ခုထိမပြီးနိုင်‌သေး။မသိရင် သွားချိန်းတွေ့မှာကျလို့။နဂိုအလှကြိုက်တတ်တဲ့ မသိစိတ်လေးက ဂျီမင်နဲ့ပေါင်းကာမှ ပေါ်လာတော့သည်။
ကင်မ်မေမေလည်း အပေါ်ရောက်တော့ အခန်းရှေ့သွားကာ တံခါးခေါက်လိုက်ပြီး ပြောလိုက်၏။

"သားလေး အောက်မှာ ဂျီမင် ဆိုလား သားသူငယ်ချင်းရောက်နေတယ်"

"အော ဂျီမင်တောင် ရောက်နေပြီးလား ခနလေး သားအခုဆင်းလာခဲ့မယ်"

"အေအေ မြန်မြန်လုပ်ဦး"

ကင်မ်မေမေလည်း ပြောပြီးတော့ အောက်ပြန်ဆင်းသွားသည်။ထို့နောက် ဧည့်ခန်း၌ ထိုင်စောင့်နေသည့် ဂျီမင်ကို ခနစောင့်ဖို့ ထပ်ပြောလိုက်သည်။

"ခနလေးနော်သား သူအခုလာလိမ့်မယ် အန်တီကတော့ ဟင်းချက်စရာရှိသေးလို့"

First Love》JkV》{Complete}Where stories live. Discover now