အရာအားလုံး၏ အစသည်ကား
စိတ်ရူးပေါက်နေသော ကြေးစားတစ်ယောက်အား
လူသတ်ဖို့ရာအတွက် သူငှားရမ်းမိခဲ့ခြင်းမှဖြစ်၏။"ဒီပုံထဲကလူပဲ"
"ဝမ် သန်း၃၀၀"
"deal"
ကမ်းပေးလိုက်သော လက်အား
ခပ်တင်းတင်း လက်ဆွဲနှုတ်ဆက်လာ၏။
ပထမဆုံးမြင်ဖူးသည့် လူတစ်ယောက်အား ကြည့်သော
သူ၏အကြည့်တို့သည် ရဲတင်းလွန်းကာ ရိုင်းပြသည်ဟု
သူထင်မိသည်။
ချောမောလွန်းလှသော မျက်နှာနှင့်ထိုလူသည်
ကြေးစားလူသတ်သမား တစ်ဦးဖြစ်သည်ဆိုသည့် အချက်မှာ ယုံနိုင်ဖွယ်ရာမရှိ။
ဤခပ်ချောချောလူက သူပေးအပ်သော အလုပ်တာဝန်အား အဆင်ပြေပြေ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ပါ့မလားဟု သံသယဝင်မိလာ၏။"စိတ်မပူပါနဲ့ ကျွန်တော်ကအလုပ်တစ်ခုကို
ပေါ့တန်တန်လုပ်တတ်တဲ့သူမဟုတ်ပါဘူး""ဒါကတော့ စောင့်ကြည့်ရမှာပေါ့"
ရှေ့ကလူက ဟက်ခနဲတစ်ချက်ရယ်၏။
ပြီးတော့ စားပွဲပေါ်မှ ဦးထုပ်အားကောက်ယူကာ ခပ်ငိုက်ငိုက်ဆောင်းရင်း မပ်တပ်ရပ်လိုက်သည်။"ခင်ဗျားက စိတ်ဝင်စားဖို့ကောင်းသားပဲ"
.
.
.
.
.
.တိတ်ဆိတ်သောညလယ်၏လေထုအား ကျယ်လောင်စူးရှသောကားတစ်စီးအသံဖြင့် ပြင်းထန်စွာဖြိုခွင်းခြင်းခံလိုက်ရသည်။
ကားပေါ်မှဆင်းကာ စံအိမ်ထဲသို့ ပုံမှန်ခြေလှမ်းများဖြင့်လျှောက်ဝင်သွားလိုက်၏။
အနက်ရောင် ဦးထုပ်အား စားပွဲပေါ်ပစ်ချပြီးနောက် ကားသော့နှင့် jacketကိုပါ ဆိုဖာပေါ်ပစ်တင်လိုက်သည်။"ရေယူလာခဲ့ ရေခဲရေမဟုတ်ဘူးနော်"
"ဟုတ်ကဲ့ပါ သခင်လေးjeon"
ညနက်သန်းခေါင်မှာ တစ်ကိုယ်လုံးအနက်ရောင်များအားဝတ်စားပြီး maskပါတပ်ထားသည့်သူ့အား အိမ်တော်ထိန်း choiက သူဘာလုပ်ခဲ့သလဲဆိုတာကို နားလည်သဘောပေါက်သည့် အကြည့်များနှင့်ကြည့်၏။
အခန်းထဲရောက်တော့ အံဆွဲထဲမှ marlboro vintage ဘူးအားထုတ်ကာ စီးကရက်တစ်လိပ်ဆွဲယူမီးညှိလိုက်သည်။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး