"Mr.Leeကိုဘာလို့သတ်လိုက်တာလဲ"
Jungkookက အလေးမထားဟန်ဖြင့် ပခုံးတွန့်ပြသောအခါ Hoseokစိတ်ဆိုးသွားမိသည်။
Mr.Leeကို သူကိုယ်တိုင် နေရာပေးခဲ့သည်မလို့ Mr.Leeက သူ့လက်အောက်တွင်ရှိနေသော လူတစ်ယောက်ဖြစ်၏။
ဒါကို Jungkookက စည်းကျော်လိုက်တာပဲ။
Hoseokဒေါသမထွက်မိအောင် စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်နေရသည်။
သူအခု jungkookကို ပြဿနာရှာလို့မဖြစ်ဘူး။"မင်းစိတ်ကိုနားလည်ပေမယ့် စည်းကျော်တာတော့မကောင်းဘူးထင်တယ်"
"ဘာပဲဖြစ်ဖြစ် ဟန်နီလည်း သူ့ကိုရှင်းထုတ်မှာပဲမလား သေသွားတော့လည်း ကောင်းတာပဲလေ ဟက်!!"
သူကဟက်ခနဲတစ်ချက်ရယ်ပြန်သောအခါ Hoseokအတော်ပင် စိတ်ဆိုးသွားမိပါ၏။
သို့ပေမယ့်လည်း သူစိတ်ဆိုးနေကြောင်းကိုတော့ ထုတ်မပြတော့ပဲ ဘာမှမဖြစ်သလိုသာ ပြုမူနေလိုက်ပါသည်။
စိတ်ဆိုးပေမယ့်လည်း ထိုကဲ့သို့သော အရေးမပါသည့် အသက်တစ်ချောင်း ပျောက်ကွယ်သွားမှုအပေါ် သူတို့နှစ်ဦး စကားများရန်ဖြစ်ရန်မလိုအပ်ပေ။"အင်းပါ မင်းစိတ်ကြိုက်သာလုပ် ငါဘာမှမပြောတော့ဘူး"
"ဘာလို့လဲ ဟန်နီစိတ်ဆိုးတာလား"
Hoseokခေါင်းခါပြလိုက်ပါ၏။
"တော်ပြီ jungkook အဲဒီကိစ္စနဲ့ပက်သက်ပြီးထပ်မပြောရအောင်"
အဝတ်ဗီရိုကိုဖွင့်လိုက်ပြီး အသင့်အတင့်ရှိမည့် အရောင်တူ suit နှစ်စုံထုတ်လိုက်ပါ၏။
လာမည့် နာရီပိုင်းအတွင်း သူတို့နှစ်ယောက်အတူ သွားရမည့် partyတစ်ခုရှိနေသည်။"ဟန်နီ့ကိုချစ်တယ်"
သူကHoseokကိုအနောက်မှ သိုင်းဖက်လိုက်ရင်း Hoseokလည်ပင်းတစ်ဝိုက်ကို သူ့နှာခေါင်းထိပ်လေးဖြင့် တို့ထိဆော့ကစားနေသည်။
"အင်း ငါသိတာမလို့ ခနခနမပြောစမ်းနဲ့"
"ပြောမှာပဲဟန်နီ ချစ်တယ်ဆိုတဲ့အကြောင်းကို စကားအနေနဲ့လည်း အသိပေးမယ် အပြုအမူကနေတဆင့်လည်း အသိပေးမယ် ကျွန်တော်ဟန်နီ့ကို ဘယ်လောက်ထိချစ်သလဲဆိုတာ ဟန်နီသိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေမှာပဲ"
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး