"Daniel!!!!"
Daniel၏ ခြောက်ခြားဖွယ်နေ့များကား ပြန်လည်စတင်လေပြီ။
သူ၏ ချစ်စဖွယ် သူဌေးလေး ယနေ့လည်းစိတ်ဆတ်နေပြန်သည်။"ရပြီ သူဌေးJung!!!"
ကော်ဖီခွက်ကိုအမြန်ယူလာတာမို့ ကြွေခွက်၏ဘေးနှုတ်ခမ်းများအနည်းငယ်ပေကျံသွားလေ၏။
တကယ်ကိုမဆိုသလောက်လေး ပေသွားတာပါ။
သို့သော်ငြား သူဌေးJungက ခွင့်မလွှတ်နိုင်။ခွမ်း!!!
ကွဲထွက်သွားတဲ့ ကော်ဖီခွက်အပိုင်းအစတွေကို Danielငိုင်ကြည့်နေမိသည်။
"သောက်ရေးမပါတာ မင်းကော်ဖီဖျော်တာ ခွက်မပေအောင်မဖျော်တတ်ဘူးလား ချီးပဲ!!!"
"တောင်းပန်ပါတယ် သူဌေးjung"
ပြောပြောဆိုဆိုနှင့် ကော်ဖီခွက်အကွဲတွေကို ယောင်ယမ်းကာ ကောက်ယူနေမိတဲ့ Danielထပ်၍ အော်ခံရပြန်ပါ၏။
"မင်းကသန့်ရှင်းရေးလား ဒါတွေလုပ်ရအောင်!!
သွားသန့်ရှင်းရေးသွားခေါ် ကော်ဖီထပ်မဖျော်နဲ့တော့ စာရင်းရှင်းစရာတွေရှိတယ်"Hoseokက အပေါ်ထပ်ကုတ်အင်္ကျီအနက်ရောင်အား ကြမ်းတမ်းစွာချွတ်လိုက်ပြီး အဝေးသို့လွှင့်ပစ်လိုက်သောအခါ ပြေးကောက်ရသူမှာ Danielပင်။
"busanက တာဝန်ခံခေါင်းဆောင် ၊ ငွေချေးလုပ်ငန်းတိုင်းက သူဌေးတွေနဲ့ casinoက agentတွေ တစ်ယောက်မကျန်ဆွဲခေါ်လာခဲ့"
Danielခေါင်းမွှေးပင်ထောင်မိသည်။
သူဌေးJungက ပြဿနာအကြီးကြီးရှာတော့မှာပင်။
ကျန်တဲ့သူတွေကို ရှာလို့ရနိုင်ပေမယ့် Busanခေါင်းဆောင်က ဂျစ်ကန်ကန်မို့ ပြဿနာတက်မှာအသေအချာပင်။
Danielမှာ လုပ်စရာကတစ်ခုထဲ ။
သခင်လေးJeonကို အသိပေးလိုက်ရုံပင်။"ဘာရပ်ကြည့်နေတာလဲအခုသွား ညနေမစောင်းခင်ခေါ်လာခဲ့ မခေါ်လာရင်မင်းခေါင်းကွဲမယ်သာမှတ်ထား"
Danielက အခန်းတွင်းမှ အမြန်ပြေးထွက်သွားသည်မှာ ခလုတ်တောင်တိုက်သွားသေး၏။
တည်ကြည်ခန့်ညားသော Daniel သည်လည်း သူဌေးjungနဲ့တွေ့မှ အရှက်ကုန်ရပြီလေ။
.
.
.
.
.
.မျက်စိရှေ့တွင် ဒူထောက်လျက်ရှိသော သူ၏လက်အောက်ငယ်သားတစ်ချို့အား Hoseokက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်စိုက်ကြည့်နေလေသည်။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး