ခေါင်းအုံးအောက်မှ ဖုန်း၏တုန်ခါမှုသည် Hoseokအား ညလယ်တွင် လှုပ်နှိုးလိုက်သည်။
ဖုန်းမျက်နှာပြင်တွင် မြင်လိုက်ရသည့်နာမည်က စိတ်အနှောင့်အယှက်ဖြစ်မှုကို အလုံးလိုက်အရင်းလိုက် သယ်ဆောင်လာခဲ့၏။
Lillian. ဘာကိစ္စနဲ့ အခုထိကပ်တွယ်နေရသေးတာလဲ။
Hoseokက ဘေးကိုလှည့်ကြည့်လိုက်တော့ ဖက်လုံး၏ တစ်ဖက်ခြမ်းတွင်မူ Jungkookက နှစ်ခြိုက်စွာ အိပ်မက်ကမ္ဘာထဲ၌ စီးမျောနေဟန်တူသည်။
အိပ်နေရင်း ဒေါသထွက်နေတဲ့ မျက်နှာထားက အိပ်မက်ထဲမှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေပုံရသည်။အိပ်ယာမှထကာ ဝရန်တာသို့ထွက်ကာ ဖုန်းကိုင်လိုက်သည်။
ညလေအေးတွေက Hoseokပါးပြင်ပေါ် အေးစက်စွာရိုက်ခတ်လာကြပြီး အမျိုးမျိုးသောပန်းရနံ့များက မွှေးပျံ့လျက်ရှိနေပါသည်။"jackငါအခုဘယ်မှာလဲသိလား"
အက်ကွဲနေသော လည်ချောင်းသံသည် ဖုန်းထဲမှထွက်ပေါ်လာ၏။
ပြန်ဖြေရန်စကားများရှာမတွေ့သည်မို့ နှုတ်ဆိတ်၍နေလိုက်သောအခါ တစ်ဖက်မှစကားသံများထပ်၍ ထွက်ပေါ်လာပြန်သည်။"ငါနင့်အိမ်ရှေ့မှာ"
"ဘာကိစ္စလဲ!"
သူမ၏ မူမမှန်သောအသက်ရှူသံများအား Hoseokပီသစွာကြားနေရ၏။
"မျက်နှာလေးဖြစ်ဖြစ်တွေ့ချင်လို့လေ ခနလောက်ထွက်လာပေးမလား"
"ငါအခုအဲ့မှာမရှိဘူး"
"အာ... ငါတကယ်ကံဆိုးတာပဲနော် တွေ့ချင်နေမိတာကို ဘယ်လိုလုပ်ရမလဲဟင်"
"sorry Lillian အခုငါမအားဘူးမို့ ပြောစရာမရှိရင်..
"ဘာလို့လဲ ဟိုတစ်ယောက်ရှိတာမို့လား"
"....."
Hoseokစိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်များကိုလက်ဖြင့်ခပ်ကြမ်းကြမ်း ထိုးဖွပစ်လိုက်မိသည်။
ဘာလို့လဲ။ ဘာလို့ လူတိုင်းကသူကိုပဲ စိတ်အနှောင့်အယှက်ပေးချင်နေကြရတာလဲ။"နင့်မှာ ငါ့ကိုပြောစရာမရှိဘူးလားဟင် ငါနင့်ဆီကကြားချင်တဲ့စကားတွေရှိနေတယ် နှစ်သိမ့်တာပဲဖြစ်ဖြစ်ငါလိုအပ်နေလို့ပါjackရာ ငါ့ကိုမသနားဘူးလား"
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး