"Jeonမင်းကိုငါက ဉာဏ်ကောင်းတယ်လို့ထင်ခဲ့တာ တကယ်တမ်းတော့ မင်းကငတုံးပဲ မင်းအဲ့သလောက်တောင် တုံးရသလား ဟမ်"
Uncle Carlo၏ ပစ်တင်သံစကားများက Jungkookနားထဲ ချော်ရည်ပူများလောင်းထည့်နေသကဲ့သို့။
လက်နက်သယ်ဆောင်လာသော Boxcarနှစ်စီးသည် ခြံကြီးထဲတွင်ရပ်ထားပြီး လက်အောက်ငယ်သား တစ်ချို့ကပစ္စည်းစစ်ဆေးနေလျက်။
စီးကရက်ခဲထားတဲ့ သူ့နှုတ်ခမ်းတွေထက် အေးစက်ထုံကျင်မှုကို ခံစားမိနေသည်။
ရာသီဥတုအေးရသည့်အထဲ ဒီလိုဟင်းလင်းပြင်ကြီးထဲ လက်နက်တွေသယ်နေရတာ ဘယ်လောက်ဆိုးရွားလိုက်သလဲ။
Mr.Jung၏ နွေးထွေးသောကိုယ်လုံးလေးကို တင်းကျပ်စွာဖက်ထားချင်စိတ်တွေက တဖွားဖွားပေါ်ပေါက်လာရပြီး ခပ်သင်းသင်းကိုယ်သင်းရနံ့လေးအား ချက်ချင်းပင် နမ်းရှိုက်ချင်လာရသည်။
အခုချက်ချင်း ကိုရီးယားကိုပြန်သွားလိုက်ရင်ကောင်းမလား။
Mr.Jungက သူ့ကိုဖုန်းလည်းမဆက်သည့်အပြင် သူပို့သမျှMessageအားလုံးကို ဝင်သာကြည့်ပြီးreplyမပြန်တာ သူ့ရင်ထဲကလိကလိဖြစ်ရပြီး နေရခက်လှသည်။"Jeon!!"
"Jeon!!!!!!! မင်းငါပြောတာကြားရဲ့လား"
"အာ sorry uncle ကျွန်တော့်အမျိုးသားဆီ စိတ်ရောက်သွားလို့ပါ"
Uncle Carloက သူ့နှဖူးကိုလက်ဝါးဖြင့်ရိုက်ချကာ မနိုင်ဘူးဟု ငြီးတွားရင်း မျက်ထောက်နီဖြင့်ကြည့်လေ၏။
"မင်းရဲ့တစ်ယောက်ကို အားလုံးပြောပြလို့မဖြစ်ဘူးလေ မင်းသဘောပေါက်ရဲ့လား သောက်ရူးရ"
"ကျွန်တော်သိတာမို့ ဝင်မပါနဲ့ ပြီးတော့ သူ့ရဲ့လက်ကိုသွေးစွန်းအောင်လုပ်မှာမဟုတ်ဘူး"
Uncle Carloက Mr.Jungနှင့်ပက်သက်ပြီး ယခုထိလက်မလျှော့သေးပဲ သူ့အားဖြောင်းဖျဖို့ရာ ကြိုးစားနေဆဲ။
မိသားစုရဲ့ ဒုတိယအကြီးအကဲအနေနဲ့ စိတ်ပူတာဖြစ်သင့်ပါသည်။Jungkookလည်း နားလည်ပါ၏။"မင်းမသိတဲ့အရှုပ်တွေ သူ့မှာအများကြီးနော် သေချာစဥ်းစား အခုနောက်မကျသေးဘူး Fillip Familyရဲ့ ကမ်းလှမ်းချက်ကို မမေ့လိုက်နဲ့ နောက်တစ်ပတ်အတွင်း သူတို့ရောက်လာလိမ့်မယ်"
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး