မနက်ခင်းသတင်းကြေငြာသူသည် အရေးပေါ်ကြားဖြတ်သတင်းအားကြေငြာလျက်ရှိသည်။
တောင်ကိုရီးယား၏ ထိပ်တန်းသူဌေးတစ်ဦးဖြစ်သည့်ဥက္ကဌ Jeon Sullivanသည် နေအိမ်၌ နှလုံးဖောက်ကာသေဆုံးလျက်ရှိကြောင်း၊ Jeon လုပ်ငန်းစုသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိလာကာ အမွေဆက်ခံသူ Jeon JungKookနှင့် Jeon Byeong Ho ညီအစ်ကိုနှစ်ဦး၌ ဘယ်သူက Jeonလုပ်ငန်းစုအား လက်လွှဲယူလိမ့်မည်လဲ။ ဥက္ကဌJeon Sullivan၏ သေဆုံးမှုသည် သာမာန်သေဆုံးမှုလော လုပ်ကြံမှုလော။
မေးခွန်းပေါင်းများစွာနှင့် ကိုရီးယားနိုင်ငံတစ်ခုလုံး ပွက်လောရိုက်နေတော့၏။hoseokသည် TVအားပိတ်ပစ်လိုက်ပြီးနောက်
"အကူအညီလိုလား"
"မလိုဘူး ဒီရက်ပိုင်းပြန်မလာဖြစ်ဘူး"
အနက်ရောင်လည်သာjacketအား စားပွဲပေါ်မှ ဆွဲယူကာ ဝတ်လိုက်ရင်း အခန်းထဲမှထွက်သွားတော့သည်။
ဥက္ကဌ Sullivanသေဆုံးသော ကိစ္စသည် သာမာန်မဖြစ်နိုင်ကြောင်း hoseokတပ်အပ်သိ၏။
Seoul၏ 70%အား သိမ်းယူထားနိုင်ပြီး
busan, icheon, daejeon, gwanju အပြင်များစွာသော မြို့များတွင်ရင်းနှီးမြှုပ်နှံထားသော နာမည်ကျော်သူဌေးတစ်ဦးအား လုပ်ကြံရန်မှာလည်း မည်သို့မျှမလွယ်ကူပေ။ ဒါ့ထက် italianများနှင့်ပင် ပက်သက်မှုမကင်းသော အဖိုးကြီးSullivanအား လုပ်ကြံနိုင်သည့်လူသည် အတွင်းအကျဆုံး လူမှလွဲ၍ အခြားမရှိနိုင်ပေ။
သူကိုယ်တိုင်သည်လည်း Sullivanအဖိုးကြီးအား လစဥ်ဆက်ကြေးပေးနေရသည့် လူတွေထဲတွင်ပါဝင်နေလေသည်။
hoseokသည် မျက်မှောင်ကြုတ်ထားလျက်ရှိပြီး
သူ၏အနက်ရောင် ပိုးသားလက်ရှည်အား ရင်ဘတ် ကြယ်သီးနှစ်လုံးဆွဲဖြုတ်ပစ်လိုက်၏။"Daniel!!"
Daneilသည် အပြေးအလွှားရောက်ခဲ့၏။
"ခုတလောjungkookနောက်ကိုလိုက်နေ ပြီးတော့
Sullivanအဖိုးကြီးကိစ္စ နောက်ကွယ်ကလူကိုစုံစမ်းပေး""ဟုတ်ကဲ့ပါ သူဌေး"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ပတ်ဝန်းကျင်သည် အလွန်တရာအေးစက်လှ၏။
အဝတ်အစားကင်းမဲ့သော ခန္ဓာကိုယ်သည် ထွားကြိုင်းသန်မာသော်လည်း အအေးဒဏ်အား ခုခံနိုင်လောက်သည်အထိမသန်မာပေ။
အခန်း၏ အပူချိန်ကား စက္ကန့်နှင့်အမျှလျော့ကျလာကာ
တစ်ကိုယ်လုံး ရေခဲတုံးဖြစ်သွားတော့မည်ဟုပင် ထင်မိလေသည်။
အကူအညီအားမျှော်လင့်မိသော်ငြား ထိုလူသည်မိနစ်ပိုင်းအတွင်းသေရတော့မည်အား ကြိုသိနေသဖြင့် စိတ်ပိုင်းဖြတ်ထားလိုက်တော့၏။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး