နက်မှောင်ပြောင်လက်နေသော နောက်ဆုံးပေါ်BMW ကားကြီးသည် seoulလမ်းမထက်ရှိ လေထုကို လျှင်မြန်စွာထိုးဖောက်လျှက်ရှိ၏။
မြို့လည်ခေါင်ရှိ အထပ်မြင့်တိုက်များ ၊ဆိုင်ခန်းများသည် ကားမှန်မှတဆင့် အဝေးတွင်ကျန်ရစ်ခဲ့ကြသည်။
အနက်ရောင်မှန်များ အပြည့်ကာရံထသော အထပ်မြင့်အဆောက်အဦး၏ ကားပါကင်တွင် အနက်ရောင်BMWကားသည် ထိုးရပ်လိုက်၏။
ကားရပ်လိုက်သည်နှင့် ဝန်ထမ်းတစ်ယောက်သည် အပြေးအလွှားရောက်လာကာ ကားတံခါးအားဖွင့်ပေးတော့သည်။"သခင်လေး အပေါ်ထပ်မှာ အကုန်အဆင်သင့်ပြင်ထားပြီးပါပြီ"
elevatorမှထွက်သည်နှင့် penthouseသို့ရောက်၏။
အဖြူရောင် ရှပ်အင်္ကျီအပေါ်မှ ဂျင်းjacketကိုသာဝတ်ပြီး အပြာရင့်ရင့်ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသည့် သူ့styleသည် လွပ်လပ်ပေါ့ပါးစွာ။
ဆံပင်တွေအား အနောက်သို့လှန်တင်ကာ နေကာမျက်မှန်ကိုတပ်ဆင်ထားသော သူ့ပုံစံသည် ရိုးရှင်းသည်ဟုသူထင်သော်လည်း penthouseရှိ လူအများ၏အာရုံအား တစ်ချက်ထဲဖမ်းစားပစ်လိုက်နိုင်ခဲ့သည်။လျော့တိလျော့ရဲလွယ်လာသော ကျောပိုးအိတ်ကိုlockerထဲသို့ ထည့်ပြီးနောက် ရေကူးဝတ်စုံအားလဲလှယ်ဝတ်ဆင်လိုက်၏။
မို့မောက်သောရင်အုပ်နှင့် ကျောပြင်ကျယ်ကျယ်ရှိပြီး
ကြွက်သားများနှင့် စနစ်တကျတည်ဆောက်ထားသော သူ၏ခန္ဓာကိုယ်သည် ဤpenthouseထဲ၌ ကြည့်လို့အကောင်းဆုံးသော အရာတစ်ခုအလား ယောကျ်ားမိန်းမလူအားလုံး၏ အကြည့်တို့သည် သူ့ထံမှမခွာနိုင်ကြပေ။"ဝိုးးး ဘယ်သူများလဲလို့ jungkookပါလား!!!"
ခက်ထန်မာကျောသော အကြည့်စူးစူးသည် ရှေ့ကလူအား မျက်နှာလွှဲသွားစေ၏။
"ဖယ်!!"
"မိတ်ဆွေဟောင်းတွေပဲ မတွေ့တာကြာလို့နှုတ်ဆက်တာလေ ဘာတွေအဲ့လောက်စိတ်တိုနေလဲ"
"နှုတ်ဆက်စရာအကြောင်းမှရှိမနေတာ"
ရှေ့ကလူသည် သိသိသာသာမျက်နှာ ပျက်ယွင်းသွား၏။
အချိန်တိုအတွင်းမှာပင် မျက်နှာကိုအမြင်ကပ်စရာအပြုံးတစ်ခု အမြန်တပ်လိုက်ပြီး...
YOU ARE READING
Innocence But Devil
Fanficလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး