21

303 37 11
                                    

"နေကောင်းရဲ့လား သူဌေးJung အာ မှားလို့
အခု Jeonဖြစ်သွားပြီမို့လား"

ရက်အတော်ကြာအောင် ဖြီးမထားပုံရတဲ့ အဲ့ဒီစုံထောက်ဆိုတဲ့ကောင်ရဲ့ ဆံပင်တိုတွေက မသတီဖွယ်ကောင်းလှ၏။
ခပ်ပွပွလည်သာဂျာကင်ကလည်း စျေးပေါမှန်းသိသာစေသည်။

"ဘာကိစ္စလဲ!!"

"လမ်းကြုံဝင်နှုတ်ဆက်တာပါဗျာ စကားမစပ် လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ် Jeonသခင်လေးကိုစည်းရုံးနိုင်တဲ့အစွမ်းအစကတော့ မသေးဘူးနော်"

"သောက်စကားတွေလာမရှည်နေနဲ့ ခင်ဗျားကြည့်ရတာအလုပ်မရှိပုံပဲ သောက်ရမ်းအားယားနေပုံကြည့်ရတာ"

သောက်ပိုတွေအရမ်းလုပ်တတ်ပေမယ့် ဟန်ဆောင်နိုင်စွမ်းတော့တကယ်မရှိဘူးပဲ။
Hoseokစကားဆုံးတာနဲ့ ပျက်ယွင်းသွားတဲ့မျက်နှာထားက သိသာလွန်းလှသည်။
တပါးသူကိုသာ ပုတ်ခတ်ပြောဆိုမယ် သူတို့ဆက်ဆံတဲ့အတိုင်းသာပြန်ဆက်ဆံလိုက်ရင် မခံမရပ်နိုင်ဖြစ်သွားတဲ့ အဲ့လိုလူတွေကို Hoseokသိပ်မုန်းသည်။

"ဒီနားမှာ လူသတ်မှုတစ်ခုစုံစမ်းရင်း လမ်းကြုံဝင်လာတာပါ ပြီးတော့သတိပေးစရာလေးလည်းရှိလို့"

Hoseokက မျက်ခုံးပင့်ကာ စူးစိုက်၍ကြည့်တော့ စုံထောက်ကောင်က အမြင်ကပ်စရာမျက်နှာပေးနဲ့ စကားဆက်သည်။

"ဒီရက်ပိုင်းသတိထားနေနော် သူဌေးjung ရဲ့သတင်းတွေအရမ်းနာမည်ကြီးနေတော့ မကျေနပ်တဲ့သူတွေများနေတယ် အန္တရယ်တွေဝိုင်းနေတယ် ဆိုပါတော့ ပြောခဲ့သားပဲ Jeon ခေါင်းဆောင်နဲ့ဝေးဝေးနေပါဆို"

"ဟားးး နည်းနည်းလေးအရောဝင်လိုက်တာနဲ့
ကိုယ့်နေရာကိုယ်မသိတော့တာပဲ ဘယ်ကိုလာပြီးစည်းကျော်နေတာလဲ ခင်ဗျားဒီနေရာမှာ သွေးတွေအကုန်ဖောက်ထုတ်မခံချင်ရင် ထွက်သွား နောက်ထပ်ကျုပ်မျက်စိရှေ့ပေါ်မလာစေနဲ့ သောက်အာရုံနောက်တယ် Daniel!!!! ဒီလူကိုဆွဲထုတ်သွားလိုက်"

"သူဌေးjungက အဲ့ဒီJeonခေါင်းဆောင်ကို ဘာထင်နေတာလဲ ခြုံထားတဲ့အရေခွံကြောင့်သာ တောက်ပြောင်နေတာ တကယ်ဘယ်လိုလူမျိုးလဲဆိုတာ မသိချင်ဘူးလား ကျွန်တော်နဲ့ပူးပေါင်းလိုက်ရင် သူဖုံးကွယ်ထားသမျှအကုန်ပြောပြပေးမယ်"

Innocence But DevilWhere stories live. Discover now