"jack နင်ငါ့ကိုမယုံရင်တောင် ဒီသက်သေတွေကိုတော့ယုံသင့်တယ်"
Hoseokသူ့လက်ထဲက ဓာတ်ပုံများအား စူးစိုက်၍ကြည့်နေမိသည်။
ဥက္ကဌLorenzနှင့် Jungkook လက်ဆွဲနှုတ်ဆက်နေသည့်ဓာတ်ပုံများ။"ဘာဖြစ်လို့လဲ ဒီပုံတွေက"
"ဥက္ကဌLorenzနဲ့ အဲ့ဒီလူတစ်ခုခုပေါင်းကြံနေတာ
သေချာတယ် နင်အဲ့လောက်မတုံးပါဘူးကွာ""တော်ပြီ lillian ငါစိတ်ရှုပ်နေတယ် ဘာမှနားမထောင်ချင်တော့ဘူး"
"ဧည့်သည်ရောက်နေပါတယ် သူဌေး"
Danielရဲ့ အသံအေးအေးက ထွက်ပေါ်လာခဲ့၏။
Danielက ဆေးရုံကဆင်းပြီး ပုံမှန်အလုပ်ပြန်လုပ်နေပြီဖြစ်သည်။ jungkookမရှိလည်း အလုပ်ကိစ္စတွေ သိပ်စိတ်ပူစရာမလို Danielတစ်ယောက်လုံး ရှိနေသေးသည်။"ဘယ်သူပဲဖြစ်ဖြစ် မတွေ့ချင်ဘူးလို့ပြောလိုက်"
"ဟို မတွေ့လို့မဖြစ်ဘူးထင်တယ်"
"ဘာလဲကွာ စိတ်ရှုပ်ရတဲ့အထဲအရစ်ကိုရှည်တယ်
မြန်မြန်ပြော""gangnamရဲစခန်းက စုံထောက် Han young chulတဲ့"
Hoseokမျက်ခုံးများပင့်တက်သွား၏။
သူမပက်သက်ချင်ဆုံးက အဲ့ဒီစုံထောက်ဆိုတဲ့ကောင်တွေပဲဲ။"လွှတ်လိုက်"
Hoseokက စားပွဲခုံအားသူ့လက်ချောင်းထိပ်များနှင့်
တဒေါက်ဒေါက်ခေါက်နေမိ၏။
လည််းပင်းအထိ အပြည့်တပ်ထားတဲ့ ရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးဖြုတ်လိုက်ပြီး လက်ကိုပါတံတောင်ဆစ်အထိ ခေါက်တင်လိုက်သည်။"lillian ပြန်တော့"
တစ်ချက်ခေါင်းငြိမ့်ပြပြီး လက်ကိုင်အိတ်ကိုဆွဲယူကာ lillianကပြန်သွားတော့၏။
"သူဌေးjungဆိုတာကိုး နာမည်တော်တော်ကြီးနေတာ
အခုမှပဲမြင်ဖူးတော့တယ် တော်တော်လေးချောတာပဲ"မသေမသပ်ဖြစ်နေတဲ့ ဆံပင်တိုရယ်
အရောင်မှိန်ပြီး လူကြီးဆန်တဲ့ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦး ရုံးခန်းအတွင်းသို့ဝင်လာ၏။
ထိုလူက စုံထောက်ဆိုတာပဲဖြစ်ရမည်။
hoseokက ထိုလူအားအကဲခတ်သည့် မျက်လုံးများဖြင့်
စိုက့််ကြည့်လိုက်၏။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး