24

191 36 18
                                    

"Mr.Jung!!"

အပန်းဖြေအိမ်၏ ခြံဝန်းထဲတွင် အပေါ်ပိုင်းဗလာကျင်းနှင့် Mr.Jungကထိုင်နေပြီး ဘေးနားတွင်မူယောကျ်ားတစ်ဦးက ဆေးသေတ္တာနှင့် ကရိယာပေါင်းစုံကိုဖြန့်ခင်းနေလျက်။
jungkookက ထိုမြင်ကွင်းကိုမြင်လိုက်တာနဲ့ စိတ်အလိုမကျမှုများစွာ ချက်ချင်းဆိုသလိုဖြစ်တည်လာရပြီး တင်းမာသောမျက်နှာထားသို့ ချက်ချင်းပြောင်းလဲသွားရသည်။
သူ့အသံကိုကြားလိုက်တာနဲ့ အံ့သြသွားတဲ့Mr.Jungက မျက်လုံးပြူးသွားကာ သူ့အားငေးကြောင်ကြည့်နေမိသည်။
ဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာ မေးခွန်းထုတ်စရာကိစ္စဖြစ်နေမှာပေါ့။
အကြောင်းအရင်းကတော့ Mr.Jungရဲ့ အသစ်စက်စက်ကားလေးမှာ ​ခြေရာခံစက်ကိုတပ်ထားခဲ့တာမို့ပဲ။
ဘယ်အချိန် ထပေါက်ကွဲနိုင်မယ်ဆိုတာ မသိတဲ့ဗုံးတစ်လုံးကိုJungkookက ရင်ဘတ်ထဲပိုက်ထားရတာမဟုတ်လား။ ဒီလောက်ပြင်ဆင်ထားမိတာ သူ့အမှားတော့မရှိနိုင်ပါ။

"jungkookငါ...

Jungkookက လက်ကာပြလိုက်သောအခါ Hoseokနှုတ်မှထွက်လာမည့် စကားများရပ်တန့်သွားရ၏။

"ကျွန်တော့်ကို ပြောစရာစကားမရှိဘူးလား Mr.Jung"

"လိုက်ခဲ့"

Hoseok ထိုင်နေရာမှ ထထွက်သွားတော့ Hyunsooက ဒဏ်ရာအား အရင်ကုသဖို့လိုကြောင်း သတိပေးသည်။
ဒါပေမယ့်လည်း ဓားနဲ့ရှပ်ထိမိတဲ့ဒဏ်ရာလောက်နဲ့  သူမသေနိုင်ပါဘူး။

ဧည့်ခန်းရှိဆိုဖာပေါ်တွင် Hoseokက ပစ်လှဲချလိုက်သည်။
Jungkookက သူ့အားမပ်တပ်ရပ်ကာ စူးစိုက်ကြည့်လျက်။

"sorryကွာ မင်းနယ်မြေထဲမှာ ကိစ္စအသေးလေးတစ်ခုဖြစ်သွားတယ်"

"ဘယ်သူလုပ်တာလဲ!"

ခပ်မာမာလေသံကြောင့် အခန်းတွင်းရှိလေထုကအေးစက်သွား၏။

"အာ ဒီအတိုင်း လမ်းသရဲကောင်တွေနဲ့ ရန်ဖြစ်မိလို့"

Jungkookက တစ်ချက်ပြုံးလိုက်၏။
Hoseokသိပ်မုန်းသည့် မထီမဲ့မြင်အပြုံးမျိုး။

"ဟိုကောင်က ကျွန်တော့်ထက်ပိုအားကိုးချင်စရာကောင်းတယ်ပေါ့လေ ဟုတ်လားMr.Jung"

"ဘာတွေအဲ့လောက်ထိ စိတ်ဆိုးနေတာလဲ အားလုံးပြီးသွားပြီးပြီ ဒါငါ့ကိစ္စလေ မင်းနေရာတကာဝင်ပါဖို့မလိုဘူး"

Innocence But DevilWhere stories live. Discover now