ဖျော့တော့တော့လရောင်အောက်က သူ၏အပြုံးသည် ဒေါသများရောင်ပြန်ဟပ်လျက် ကျောချမ်းဖွယ်ရာ။
လယ်ကွင်းထဲကို ဖြတ်တိုက်လာတဲ့ လေကြောင့် မြက်ရိုင်းများ ရှဲခနဲအော်သံမြည်ကာ ပြန်၍ငြိမ်သက်သွားပြန်သည်။
စွန့်ပစ်ဂိုဒေါင်အဟောင်းကြီး၏ အရှေ့တွင် သန်မာထွားကျိုင်းသော ယောကျာ်းသုံးဦးခန့် ဝိုင်းဖွဲ့ကာ အရက်သောက်နေကြသည်။
jungkook မျက်လုံးများက သားကောင်တွေ့သွားသော ကျားရဲအသွင်သို့ ကူးပြောင်းသွားသည်။
အသံတိတ် pistolကို တင်းနေအောင် ဆုပ်ကိုင်လိုက်ရင်း ထိုနေရာသို့ တိတ်တဆိတ်ချဥ်းကပ်သွားလိုက်သည်။"မင်းတို့ဟာက ဟုတ်မှဟုတ်ပါ့မလားကွာ အဲ့မိန်းမကယုံရပါ့မလား သူတောင်မွဲသွားတာ ငါတို့ကိုဘယ်ကပိုက်ဆံနဲ့ပေးနိုင်မှာလဲ"
"ဟေ့ကောင် သောက်ရူး Jeon Groupသာ သူ့လက်ထဲရောက်သွားရင် မင်းအိပ်မက်တောင်မမက်နိုင်တဲ့ ပမာဏလောက်ထိငါတို့ရမှာကွ"
"ဖြစ်ပါ့မလား Jeon Groupပိုင်ရှင်က လုံးဝမလွယ်တဲ့လူလို့ငါကြားထားတယ်နော် သောက်ကျိုးနည်းMafiaကြီးကွ တစ်ခုခုမှားရင် ငါတို့အကုန်သေကုန်မှာ"
ဖန်ခွက်ကို ဂွက်ခနဲမြည်အောင် ဆောင့်ချလိုက်သံကြားလိုက်ရသည်။
မီးဖိုပေါ်မှ အသားကင်များကျက်နေသည့် အသံတရှဲရှဲက ညအမှောင်ထုထဲ၌ ကသိကအောက်ဖြစ်ဖွယ်ရာထွက်ပေါ်နေ၏။"မင်းကြောက်ရင် လစ်လိုက်တော့ ငကြောက်ကောင် အဲဒီJeon Groupကကောင်က Mafiaမကလို့ ဘာကြီးဖြစ်နေနေ ငါအသေဆော်ပြမယ် ကြည့်...
ထိုလူက စကားကိုဆုံးအောင် ပြောခွင့်မရလိုက်ချေ။
ကျည်ဆန်က သူ၏လည်ဂုတ်မှဖောက်ဝင်ကာ လည်စိမှပြန်ဖောက်ထွက်သွား၏။
ထိုလူ၏ လည်ပင်းကျည်ပေါက်ရာမှ တလဟောစီးကျလာသော သွေးများကို ကျန်နှစ်ယောက်က ဆွံ့အမှင်သက်စွာ ငေးကြောင်ကြည့်နေကြသည်။
ဉာဏ်နည်းလှသော လူသားများ အသက်ရှည်ရှည်နေစရာ ဘာအကြောင်းမျှမရှိ။
ကျန်နှစ်ယောက်သည်လည်း စက္ကန့်ပိုင်းအတွင်း Jungkookလက်ချက်ကြောင့် ကိစ္စတုံးရတော့သည်။
သူတို့သုံးဦးသည် သူတို့၏ သေမင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရရုံသာမက သူတို့၏ အသက်ကိုပါ ပူဇော်ဆက်သလိုက်ကြရတော့လေသည်။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး