33

207 40 22
                                    

"ဖော်ထုတ်ပစ်မှာ jeon groupနောက်ကွယ်က အကြောင်းအရာတွေကို"

Lillian ၏ အသံက ဒေါသကြောင့် တုန်ယင်နေ၏။
cafeရဲ့ ထောင့်စွန်းဝိုင်းမှာ သူမအေးဆေးတည်ငြိမ်ဟန်ဖြင့် ထိုင်နေသော်လည်း သူမစိတ်တွေကတော့ မုန်တိုင်းသဖွယ် ကြမ်းတမ်းနေခဲ့ပြီ။

"အဲ့ထက်ပိုကောင်းမဲ့နည်းလမ်းရှိတယ်"

Hwayoungက အပြုံးညစ်ညစ်တစ်ခု ဖန်တီးလိုက်ပြီးနောက် ကော်ဖီကို တစ်ကျိုက်ထဲသောက်ချပစ်လိုက်သည်။

"Lillian မင်းရဲ့အတွေးက အရမ်းအားပျော့နေသေးတယ် Jeon Groupနောက်ကွယ်ကအကြောင်းတွေဖော်လိုက်ရင် မင်းအဖေလည်း လွတ်ကင်းမယ်မထင်ဘူးနော် အကျိုးမရှိတဲ့ကိစ္စကိုမလုပ်ပဲ အကျိုးရှိတာလေးပဲလုပ်ရအောင် စိတ်ဝင်စားရဲ့လား မင်းအကူအညီလိုတယ်"

"ရှင်ကဘယ်လိုလုပ်ဖို့စဥ်းစားထားလို့လဲ"

"jackကိုပြန်လိုချင်တယ်မလား"

Lillian က ရူးမိုက်စွာ ခေါင်းတဆတ်ဆတ်ညိမ့်ပြလာသောအခါ Hwayoungက အားရစွာပြုံးလိုက်ပြန်သည်။

"တို့က မင်းဆီjackပြန်ရောက်လာအောင် လုပ်ပေးမယ် အပြန်အလှန်အနေနဲ့ Jeon Group ကိုလုယူတဲ့နေရာမှာ မင်းကကူညီပေးရမယ်"

"ဘာရယ် ရှင်ရူးများသွားတာလား Jeon Groupကိုလုမယ် ဟုတ်လား အဲ့အစားသေလိုက်တာမှ ကောင်းအုံးမယ်"

"Jeon Groupရဲ့ ထောက်တိုင်Jeon Jungkookကို ပြိုလဲသွားအောင်လုပ်ရမယ် တို့ကသူ့ကိုပြိုလဲသွားစေလောက်တဲ့ အားနည်းချက်ကို ကောင်းကောင်းကြီးသိနေတယ်ဆိုရင်ရော"

________________________
________________________

အချက်အချာသိပ်မကျလှသော်လည်း အရေးပါသည့် ကဏ္ဏတစ်ခုအနေဖြင့် China townရှိ လုပ်ငန်းများပုံမှန်လည်ပတ်နေပါသည်။
ချေးငွေလုပ်ငန်းများနှင့် လောင်းကစားရုံများ တရားမဝင်ထိုးပွဲများ စုံလင်များပြားလှသော ရာဇဝတ်မှုများကို ဦးဆောင်ကာ ဖုံးကွယ်လုပ်ဆောင်နေသူကတော့ နောက်တက်လာသော China Town၏ ခေါင်း။
ထိုသူ၏ အမည်က Mr.Leeပင်ဖြစ်၏။
Me.Leeကသာမာန် လူငယ်တစ်ဦးဖြစ်သော်လည်း  သူ၏အဆက်အသွယ်ကောင်းမှုနှင့်ပါးနပ်မှုကြောင့် သူဌေးJungနှင့် ပေါင်းမိသွားကာ ယုံကြည်မှုကိုအရယူလိုက်နိုင်ပါ၏။
တစ်ချိန်က Hwang Xingသည် China Town၏ ခေါင်းဆောင်ဂိုဏ်းဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က Mr.Leeမှာ Hwang Xingလက်အောက်မှ လုပ်သားတစ်ဦးသာ။ သို့ပေမယ့် ကံကြမ္မာ၏ မျက်နှာသာပေးမှု၊ သူ၏ ဉာဏ်နီဉာဏ်နက် ကြွယ်ဝပုံကြောင့် Mr.Jung အကူအညီတစ်ဆင့်ခံဖြင့် Hwan Xingကို အမြစ်ဖြတ်လိုက်နိုင်ခဲ့ပါ၏။
ယခုမူ Mr.Leeက China Town၏ ဘုရင် ဖြစ်နေလျက်။
သူ့အထက်တွင်တော့ Jeon Groupရှိနေသည်ဟု အထင်မှားနေပါ၏။

Innocence But DevilWhere stories live. Discover now