6

253 32 9
                                    

တရုတ်နိုင်ငံ / ရှန်ဟိုင်းမြို့

ပုရွက်ဆိတ်အုံကဲ့သို့ စည်ကားသိုက်မြိုက်သော စျေးဝယ်စင်တာတစ်ခုသို့ Danielရောက်နေ၏။
ပူပြင်းသော နေရောင်အောက်မှာ ခပ်ထူထူလက်ရှည်အင်္ကျီက သက်တောင့်သက်သာ မဖြစ်စေခဲ့။
သူ၏ရက်စက်လှသော သူဌေးjung ပေးသော တာဝန်တစ်ချို့အား ထမ်းဆောင်ရန် တရုတ်ပြည် ရှန်ဟိုင်းမြို့သို့ ရက်တိုခရီးထွက်ခဲ့ရသည်။
လူတစ်ဦးစာကောင်းကောင်းနေ၍ရသော အခန်းအား သူဌေးကကြိုစီစဥ်ပေးထားခဲ့သော်လည်း စားရေးသောက်ရေးနှင့် ဝယ်စရာအသုံးအဆောင်တစ်ချို့ရှိသေးသည်မို့ မြို့ထဲမှ ကုန်တိုက်သို့ထွက်ခဲ့၏။
jeon byeong hoဆိုသည့်လူအား အရှင်ဖမ်းခေါ်လာခဲ့ရန် တစ်ချက်လွှတ်အမိန့်ချလိုက်ပြီးထဲက Danielတစ်ရက်မှ အေးဆေးမနေရခဲ့။
jeon byeong hoက အပုန်းကောင်းလွန်းသည်။
တရုတ်နိုင်ငံတစ်ခုလုံးကို ပတ်ပုန်းနေတာ သူ့မှာတစ်မြို့ဝင်တစ်မြို့ထွက် သေလုမတတ်ပင်ပန်းစွာရှာရ၏။
နောက်ဆုံးခြေရာခံမိသောနေရာက ရှန်ဟိုင်းမြို့၏ လူနေစည်ကားသော ရပ်ကွက်တစ်ခု၌ဖြစ်သည်။
ထိုရပ်ကွက်မှာပဲ သူဌေးjungအား တိုက်ခန်းတစ်ခန်းစီစဥ်ရန်တောင်းဆိုခဲ့ကာ jeon byeong hoအား မျက်စိအောက်မှ အပျောက်မခံပဲစောင့်ကြည့်နေခဲ့၏။
ယနေ့ညတွင်တော့ သူသည် jeon byeong hoအား အပြီးတိုင် ဖမ်းဆီးခေါ်ဆောင်သွားတော့မည်။
jeon byeong hoက နောက်ထပ်တစ်နေရာသို့မပြောင်းခင် သူ့ဘက်မှလက်ဦးမှု အရင်ယူသင့်သည်မလား။

ဤသို့ဖြင့် ထိုနေ့ညနေခြောက်နာရီခန့်မှစ၍ jeon byeong ho တည်းသော hotelအနီးအနားတွင် daniel ပုန်းခိုကာစောင့်နေခဲ့တော့သည်။
နှစ်နာရီဝန်းကျင်စောင့်ပြီးနောက် Danielစိတ်မရှည်ချင်တော့ ဒီအတိုင်းhotelထဲဝင်ပြီး ဖမ်းခေါ်သွားဖို့ကလည်းမဖြစ်နိုင်။
hotelအပေါက်ဝတွင် ကင်းစောင့်နေသော တရုတ်ရဲများရှိလေသည်။
jeon byeong hoအဲ့ကောင် ဒီလောက်တော့ကြောက်ရကောင်းမှန်းသိသားပဲ။

hotelအပေါက်ဝ၌ လှုပ်ရှားနေကြသော လူပုံရိပ်များကိုမြင်သည်နှင့် Danielသည် ကားစက်နှိုးကာ သေနတ်ကိုပါအဆင်သင့်ပြင်ထားလိုက်သည်။
ကိုယ့်ပိုင်နက်မဟုတ်သည်မို့ ပေါ့ပေါ့ပါးပါး မသိသာစေသော Glock43 gunကိုသာ ရွေးချယ်ခဲ့ပြီး
ကုတ်အင်္ကျီလက်ရှည်ထဲသို့ ပါးလှပ်သောဓားမြှောင်တစ်လက်ကိုပါ ထည့်လိုက်၏။
လွယ်ကူသောကိစ္စတော့မဟုတ်ပေ။ jeon byeong hoက တရုတ်ဂိုဏ်းတစ်ချို့အားငွေပေးကာ အစောင့်ထားထားသည်မို့ ဖြစ်သည်။

Innocence But DevilWhere stories live. Discover now