"အလုပ်တစ်ခုရှိတယ် ဒါကမင်းကိုငါယုံကြည်သင့်ရဲ့လားဆိုတဲ့ အဖြေကိုပေးမဲ့အလုပ်ပဲ မင်းအောင်မြင်မယ်လို့ငါမျှော်လင့်ပါတယ်"
jungkookက သူ့လက်ထဲရှိဖုန်းထဲက messageများအား အာရုံစိုက်ကာဖတ်နေ၏။
hoseokသူ့ကို တမင်မဖြစ်နိုင်တဲ့အလုပ်ကိုခိုင်းခဲ့မှန်း သိရက်နဲ့တောင် jungkookမျက်နှာက ခပ်ပြုံးပြုံးရှိနေမြဲ။
သူပုံစံက hoseokသာခိုင်းမယ်ဆိုရင် သူ့အသက်ကိုပါသူစတေးဝံ့တယ်ဆိုတဲ့ အရူးတစ်ယောက်လိုပဲ။"အချိန်ကန့်သတ်ချက်ရှိလား"
"မရှိပေမယ့် ငါအလျင်လိုနေတယ်"
jungkookက ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ သူ့ဦးထုပ်ကို ပုံစံတကျပြင်လိုက်ရင်း ခေါင်းငြိမ့်ပြ၏။
ပြီးတော့ ဘာစကားတစ်ခွန်းမှ မဆိုပဲအခန်းထဲ ထွက်သွားတော့သည်။hoseokသူ့လက်ထိပ်လေးတွေနဲ့ စားပွဲခုံကိုတတောက်တောက်အသံမြည်အောင် ခေါက်နေမိသည်။
တမင်ရည်ရွယ်ပြီး ပေးလိုက်တဲ့ mission ကို jungkookက လက်လျှော့လိမ့်မည်ဟု hoseokတပ်အပ်တွေးထား၏။
ရက်စက်သည်ဟု ထင်ချင်လည်းထင်နိုင်သည်။
အခုသူ jungkookရဲ့ အသက်ကို လောင်းကြေးထပ်လိုက်တာ။
နိုင်ရင်လည်း သူ့အတွက်အမြတ်ကျန်ပြီး
မနိုင်လျှင်လည်း ကိစ္စသိပ်မရှိ သူ၏လောင်းကြေးက
တန်ဖိုးသိပ်ကြီးနေတာမျိုးမဟုတ်ပေ။______________________________________________
မှောင်မိုက်ကာ တိတ်ဆိတ်အေးစက်နေသာ အခန်းကျယ်ထဲတွင် စီးကရက်ဖွာနေသူတစ်ဦးရှိလေ၏။
ပတ်ဝန်းကျင်သည် အမှောင်အတိဖုံးလွှမ်းနေသော်လည်း သူသည်မီးခလုတ်များကို ထ၍မဖွင့်ပေ။
ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး ထိုင်ခုံပေါ်ခေါင်းမှီကာ စီးကရက်သောက်ရင်း ငြိမ်သက်နေလေသည်။
ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းအားထပ်၍ထုတ်ကာ
messageတစ်ချို့အား နောက်တစ်ကြိမ်ပြန်ကြည့်မိသည်။Hwang Xing ဂိုဏ်း။
သူ၏အကျိုးတူစီးပွားဖက် ဂိုဏ်းတစ်ခုဖြစ်လေသည်။
သူ၏ဖခင် မဆုံးပါးခင်ထဲက Hwang Xingဂိုဏ်းနှင့်
လက်တွဲခဲ့သည်ဖြစ်ပြီး သူတို့မိသားစု၏ အကျိုးစီးပွားတစ်ချို့တစ်ဝက်ကိုလည်း Hwang Xingဂိုဏ်းထံမှ ယနေ့ထိတိုင် ရရှိနေဆဲဖြစ်၏။
hoseokပေးအပ်ခဲ့သော missionသည် Hwang Xingဂိုဏ်းခေါင်းဆောင် Xingအား ရှင်းလင်းပေးရန်ဖြစ်သည်။
သူသည် ဤmissionအား အောင်မြင်အောင်လုပ်နိုင်ခဲ့ပါလျှင် ရှေ့ဆက်ဖြစ်လာမဲ့ အကျိုးဆက်သည်လည်း ကောင်းနိုင်မည်မဟုတ်။
တရုတ်ဘက်မှ စီးပွားရေးတစ်ချို့အား ခနတာရပ်တန်ံပစ်ရပြီး ဂိုဏ်းအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲတစ်ချို့အားရင်ဆိုင်ရလေမည်။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး