37

230 36 48
                                    

"မသွားရပါဘူး ဟန်နီပြန်ထိုင်နေလိုက်နော်"

"jeon jungkook!! မင်းမရစ်စမ်းနဲ့ကွာ ကလေးလည်းမဟုတ်ပဲ"

စူးရဲတောက်ပသော သူ့အကြည့်များက Hoseokတစ်ကိုယ်လုံးကို လွှမ်းခြုံ၍ကြည့်နေသည်။
Hoseokဒီည Ace barရဲ့ တစ်ပတ်တာ ဝင်ငွေကိုစစ်ယူဖို့ သွားရမည့်နေ့။ ဒါကို သကောင့်သားလေးက သိရက်နဲ့တမင်တကာ ရစ်နေခြင်းပင်။

"ဟန်နီကလိမ္မာပါတယ်ကွာ ပြန်ထိုင်နေလိုက်ဟုတ်ပြီလား ကျွန်တော်စိတ်မဆိုးချင်ဘူး"

"Jeon Jungkook!! ငါအပျော်သွားတာမဟုတ်ဘူးနော် မင်းအဲ့လောက်ထိ လိုက်မချုပ်ချယ်နဲ့"

Jungkookက အိပ်ယာပေါ်ထိုင်နေရာမှ အဝတ်ဗီရိုဖွင့်နေသော သူ့ထံသို့ လျှောက်လာသည်။

"ဟန်နီကလည်းဗျာ"

ဝိုင်းစက်နေသော သူ့မျက်ဝန်းများက သနားချင်စဖွယ်အသွင်ကို ချက်ချင်းကူးပြောင်းသွားပြီး ယုန်သူငယ်လေးဖြစ်သွားတော့၏။
Hoseokသူ့ကို လက်ရောခြေရောမြှောက်ပါ၏။
မျက်နှာလည်းများတယ်။ မာယာလည်းကြွယ်တယ်။
ဒီယောကျာ်းက အန္တရယ်သိပ်များလွန်းတဲ့ ယောကျာ်း။

"အိုကေကွာ ငါမသွားတော့ဘူး ဟုတ်ပြီလား Danielကိုပဲလွှတ်လိုက်တော့မယ်"

Hoseokသူ့အပေါ် ပထမဆုံးအကြိမ်အဖြစ် အလျော့ပေးလိုက်ပါ၏။

"ဒီလိုမှပေါ့ ဟန်နီရဲ့ ကိုယ့်ယောကျာ်းက နေမကောင်းတာကို တစ်ယောက်ထဲပစ်ထားခဲ့လို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား"

သူကရင်ခွင်ထဲတိုးဝင်လာသောအခါ Hoseokသူ့ကို တွန်းထုတ်လိုက်ပြီး သူ့လက်မောင်းကို လက်သည်းနဲ့ ဆိတ်ဆွဲလိုက်၏။

"သောက်ပိုကောင် ဖယ်စမ်းပါ"

Hoseokသတိမထားမိခဲ့တာ တစ်ခုက ထိုအလျော့ပေးခြင်းက ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မဟုတ်တော့ပဲ jungkookက သူ့ဘဝကို စိတ်ကြိုက်ချယ်လှယ်ဖို့ အခွင့်အရေးထပ်ပေးလိုက်သလို ဖြစ်သွားတာကိုပဲ။

နူးညံ့သော သူ့အပြုအမူတွေပေါ် ပျော်ဝင်မိပါက အမှောင်ထုထဲ လမ်းပျောက်သလို ဖြစ်ရမှာကို သူတပ်အပ်သိနေခဲ့ပါသော်လည်း သူမထိန်းချုပ်နိုင်စွာ ထင်ယောင်ထင်မှားဖြစ်မိသွားခဲ့တယ် ထင်ပါရဲ့။
တစ်ဆထက်တစ်ဆ သူပိုတိုးဝင်နေမိတဲ့ သာယာခြင်းတွေနောက်မှာ ချွန်ထက်သောလက်နက်များဖြင့် ခြံရံထားသော အမှောင်ထုကြီးရှိနေသည်။
Jeon Jungkook အဲဒီယောကျ်ားက သေမင်းတမန်လို ယောကျာ်း။
သူဆီမှာ ချုပ်နှောင်ခံလိုက်ရရင် လွတ်လမ်းမရှိတော့ဘူး။

Innocence But DevilWhere stories live. Discover now