2

340 48 2
                                    

"noonaလည်း ဘယ်လိုမှမတတ်နိုင်လို့ပါ
ဥက္ကဌကြီးအကြောင်းလည်း မင်းသိနေတာပဲ
နောက်ပြီးမင်းက သက်တော်စောင့်လို့ပြောရင်
လက်မခံမှာကြိုသိနေလို့လေ "

"အရေးမပါတာ noonaရာ ကျွန်တော်ကလေးမှမဟုတ်ပဲ"

"ကလေးမဟုတ်လို့ ပြောနေရတာလေ
noonaကိုခက်ခဲအောင်မလုပ်ပါနဲ့ကွာ
မင်းလက်မခံဘူးဆို noonaဆိုင်ကိုသိမ်းမယ်တဲ့
အကုန်လုံးအကျိုးရှိအောင် ငြိမ်ငြိမ်လေးပဲနေလိုက်ပါနော် လိမ္မာတယ်ဟုတ်ပြီလား"

"ဒါပေမယ့်.....

စကားမဆုံးခင်မှာပင် တစ်ဖက်ကဖုန်းချသွားခဲ့လေ၏။
သက်ပြင်းချရုံသာ တတ်နိုင်တော့သည်မို့
အကြိမ်ကြိမ်သာ သက်ပြင်းချမိတော့သည်။

ဒေါက် ဒေါက်!!!

"ဘာလဲ"

"ဧည့်သည်ရောက်နေပါတယ် သူဌေး"

"ကျစ်!!! ဘယ်ကဧည့်သည်လဲကွာ
ဒီအချိန်ကြီး "

အခန်းတံခါးအား ကြမ်းတမ်းစွာဆောင့်ဖွင့်လိုက်တော့
အခန်းရှေ့က Daniel သည် မျက်နှာငယ်လေးနှင့် သူ့အားမဝံ့မရဲကြည့်လေသည်။

"မင်းကိုအစောကြီးထဲက ပြန်လို့ပြောထားတယ်လေ
ခုထိမပြန်နိုင်သေးဘူးလား"

"အခုပဲပြန်တော့မလို့ပါ"

"ပြန် မြန်မြန်ပြန် ဘာမှကိုအသုံးမဝင်ဘူး"

Danielသည် ဆူပွက်နီရဲနေသောမျက်နှာနှင့် အိမ်အပြင်သို့ထွက်လာခဲ့၏။
ဘာအပစ်မှ မရှိပဲအမြဲလိုအဆူခံနေရသော သူ့ဘဝအား သူကိုယ်တိုင်ပင် စိတ်တိုလာရသည်။
စိတ်ပေါက်ပေါက်နှင့် ခြံတံခါးအား ခပ်ပြင်းပြင်းဆောင့်ကန်ချလိုက်မိ၏။
ကံကြမ္မာသည် သူ့ဘက်တွင်ဘယ်တော့မှ မရပ်တည်ခဲ့ပေ ခြံတံခါးသည် တွန်းအားပြင်းသောကြောင့် သူ့မျက်နှာတည့်တည့်သို့ ပြန်ကန်ထွက်လာလေသည်။
နဂိုထဲက ဆူပွက်နီရဲနေသောမျက်နှာသည် ခြံတံခါးထံမှအရိုက်ခံလိုက်ရမှုကြောင့် ငရုပ်သီးစပ်စပ်စားလိုက်မိသလို ရှူးရှူးရှဲရှဲဖြစ်သွားရပြန်၏။

"ငါ -ိုးတဲ့မှ ဒီသောက်ဘဝက ဘယ်တော့မှကိုအဆင်မပြေဘူး"

°°°°°°°°°°°°°°°°°°°°

Innocence But DevilWhere stories live. Discover now