တိမ်ညိုတိမ်တိုက်ထူထူများသည် လေးလံသောအရာများကို သယ်ယူထားရသည့်နှယ် လေးလံထိုင်းမှိုင်းနေ၏။
မိုးကမရွာတော့သော်လည်း ဒီရက်တွေမှာ ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းလျက်ရှိနေဆဲ။
လေပြေအေးများသည် ခပ်မှန်မှန်တိုက်ခတ်နေပြီး ခန်းစီးလိုက်ကာ အဖြူရောင်များ လွင့်မျောနေကြသည်။
စီးကရက်ဖွာရင်း ထိုင်ခုံကိုမှီကာ ပြူတင်းပေါက်အပြင်ကိုငေးနေမိ၏။"Jungkook"
ခပ်အေးအေးလေသံလေးက သူ့နောက်ကထွက်ပေါ်လို့လာခဲ့တယ်။
ဇွတ်ကြမ်းချင်ယောင်ဆောင်နေပေမယ့် အဲ့လူကသူ့ကိုယ်သူ နူးညံ့တယ်ဆိုတာသိပုံမပေါ်လေဘူး။
လှည့်ကြည့်လိုက်မိတော့ သိပ်လှသော မျက်ဝန်းညိုများနှင့်ရင်ဆိုင်ရလေသည်။
လှလေသည်။ Mr.Jung က သိပ်ကိုလှလေ၏။
လိပ်ပြာညိုလေးလိုပဲ ဖမ်းပြီး ဖန်ပုလင်းလေးထဲထည့်ကာ သိမ်းဆည်းထားချင်မိသည်။"ညနေ Incheonလေဆိပ်မှာလူတစ်ယောက်သွားကြိုပေး"
"ဘယ်သူများလဲ"
"မင်းသိစရာမလိုလူး မင်းကိုငါပုံပို့ထားပြီးပြီ"
အမြဲလိုလို သူ့အားလေသံမာမာနှင့်သာ စကားပြောတတ်ပေမယ့် တစ်ခါလေးမျှစိတ်မဆိုးရက်ခဲ့ပေ။
အဲ့ဒီမျက်နှာလှလှလေးကြောင့် သူလုပ်သမျှအပစ်တို့ကို
ခွင့်လွှတ်ပေးချင်မိလေတယ်။"အင်း"
____________________
ညနေ4:30
Incheonလေဆိပ်၌ အတော်အတန်ကြာအောင် စောင့်နေမိ၏။
ဓာတ်ပုံထဲမှ အမျိုးသမီးအား အရိပ်အယောင်မျှမတွေ့ရသေးချေ။
ဤကဲ့သို့ အသေးအမွှားကိစ္စလေးတွေကို သူကိုယ်တိုင်လုပ်ရန်စိတ်မကူးခဲ့ဖူးသော်လည်း Mr.Jung ခိုင်းတာမို့ လုပ်ပေးချင်မိလေသည်။
Mr.Jungရဲ့ နှုတ်ဖျားကထွက်လာသမျှ စကားတိုင်းအား ထူးခြားစွာနာခံချင်မိလေ၏။
ဖြတ်သန်းသွားလာနေသော လူအရိပ်များနှင့် အလင်းရောင်စူးစူးများသည် သူ့မျက်လုံးအားအနှောင့်အယှက်ဖြစ်စေသည်မို့ နေကာမျက်မှန်အားတပ်ထားလိုက်သည်။"hey!!! ဒီက Mr.jeonမလား!!"
ထိုင်နေရာမှ မော့ကြည့်မိ၏။
အနက်ရောင် style pant၊ အနက်ရောင် ဆွယ်တာအတွင်းဝတ်အင်္ကျီ၊ အနက်ရောင် ကုတ်အင်္ကျီနှင့် နက်မှောင်သော ဆံနွယ်ရှည်များ။
ဤအမျိုးသမီးက Mr.Jung ကြိုခိုင်းသောလူဖြစ်၏။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး