"ဘယ်တွေသွားနေလို့ ဒီအချိန်မှပြန်ရောက်လာတာလဲဟန်နီ"
"F..k!!!!"
အခန်းမီးကို ဖွင့်လိုက်တာနဲ့ ကုတင်ပေါ်ထိုင်နေတဲ့ Jungkookအား တစ္ဆေတစ်ကောင်သဖွယ်မြင်လိုက်ရသည်။
ထပ်ပြီး အဲ့သလိုပုံစံနဲ့ သူ့ရှေ့ကိုရောက်လာပြန်ပြီ။"Jungkook ဘာဖြစ်လာပြန်ပြီလဲ"
မျက်ခုံးစပ်မှ ပေါက်ပြဲဒဏ်ရာနှင့် လက်ဖမိုးထက်မှ ပြတ်ရှဒဏ်ရာသည် သွေးစက်လက်ကျနေ၏။
"ကျွန်တော်မေးတာမဖြေသေးဘူးနော်".
"Ace bar"
သူJungkookရဲ့ဘေးမှာဝင်ထိုင်လိုက်၏။
ဆပ်ပြာနံ့သင်းသင်းကြောင့် jungkookရေချိုးထားမှန်း သိလိုက်ရ၏။
အနက်ရောင် shirtလက်တိုကို ရင်ဘတ်ကျယ်သီးအားလုံး ဖြုတ်ချထားသည်မို့ သူ့ရင်ဘတ်အား ခနတဖြုတ်ကြည့်လိုက်မိသည့် ကိုယ့်မျက်လုံးကိုယ် ထိုးဖောက်ပစ်လိုက်ချင်မိသည်။
ဘာတွေအဲ့လောက်စိတ်ဝင်စားနေမိတာလဲ Jung Hoseok!!!!!."Clubထဲ မူးယစ်ဆေးရောင်းနေတဲ့ပိုးမွှားတစ်ကောင်ရှိနေတယ် အဲ့တာစုံစမ်းဖို့သွားတာ"
jungkookက သူ့ကိုဘာမှမမေးပါပဲ သူတစ်ခါထဲဖြေရှင်းချက်ထုတ်ပေးလိုက်မိပါသည်။
နောက်တစ်ခေါက်ထပ်ပြီး မခေါ်နိုင်မပြောနိုင်ဖြစ်သွားရင် နှစ်ယောက်လုံးစိတ်ညစ်ရတယ်မဟုတ်လား။"အင်း ကျွန်တော်ဒီအခန်းမှာအိပ်မလို့"
"အိပ်လေရတယ် ငါဘေးအခန်းမှာအိပ်လိုက်မယ်"
Jungkookသည် ထိုင်နေရာမှ ထကာ ပြူတင်းပေါက်နားသို့သွားပြီး မတ်တပ်ရပ်ပြီးနောက် ဘောင်းဘီအိတ်ထဲမှ စီးကရက်နှင့်မီးခြစ်အားထုတ်လိုက်သည်။
ထို့နောက် စီးကရက်တစ်လိပ်အား မီးညှိကာ ပြူတင်းပေါက်ဘောင်ကိုမှီလျက် သူ့အားစိုက်ကြည့်၍နေ၏။"မင်းဒဏ်ရာကိုဆေးထည့်ပေးခဲ့မယ် ပြီးရင်နားလိုက်တော့"
Hoseokအံဆွဲအတွင်းမှ ဆေးသေတ္တာအသေးလေးအားထုတ်ကာ အတွင်းမှ ဂွမ်းနှင့်အရက်ပြန်အား ထုတ်ယူလိုက်ပြီး ဂွမ်းစအနည်းငယ်တွင် အရက်ပြန်လောင်းချလိုက်၏။
အနာပိုးမဝင်စေရန် အရင်ဆုံးပိုးသတ်ဖို့လိုအပ်သည်။
Jungkookက သူလုပ်သမျှကို စီးကရက်ဖွာရင်း အသေးစိတ်လိုက်ကြည့်နေပါ၏။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး