တောအုပ်သည် လေပြင်းများတိုက်ခတ်လျက် ရှိပြီး အပင်များသည် ကျိုးကျလုမတတ် ယိုင်နဲ့နေကြ၏။
တောအုပ်အစပ်၌ သူကရပ်လိုက်ပြီး rifle ကိုသေချာဆုပ်ကိုင်ထားလိုက်သည်။
လေထဲ၌ လောလောလတ်လတ် သေထားသော လူသေထံမှ သွေးညှီနံ့များ ကပ်ပါလာသည်မို့ သန့်ရှင်းသောလေထုဖြစ်မနေပေ။
ဆံပင်ကို နောက်သို့သေချာလှန်တင်ထားကာ Black Tshirtတစ်ထည်နှင့် baggy jeanကို ရိုးရှင်းစွာဝတ်ဆင်ထားပေမယ့်လည်း ခန့်ညားမှုနှင့် အရှိန်အဝါက အားပြင်းနေလျက်။
သူက တစ်ချက်ခေါင်းညိမ့်ပြလိုက်တော့ Victor က ကြိုးချည်ထားသော လူသုံးယောက်ကို ကြိုးဖြေကာလွှတ်ပေးလိုက်တော့၏။
လူသုံးယောက်က ရှိသမျှအားအကုန်သုံးကာ တောအုပ်ထဲဝင်ပြေးသွားကြသောအခါ ခံစားချက်မရှိတဲ့ မျက်နှာသေနဲ့ပဲ သူက အဲဒီလူတွေပြေးသွားတဲ့ တောအုပ်ထဲသူလိုက်ဝင်သွားခဲ့သည်။
rifle က ကျည်တစ်တောင့်သာပါရှိပြီး တစ်ကြိမ်သာပစ်လို့ရသော်လည်း အမဲလိုက်ရာတွင်တော့ အသုံးဝင်သည်မို့ rifle ကိုသာအသုံးပြုလိုက်သည်။
Victorက သူ့နောက်မှ အရိပ်သဖွယ်လိုက်ပါနေပြီး အချိန်စတင်ရေတွက်နေပါ၏။
တစ်မိနစ်မျှကြာပြီးသောအခါ သားကောင်ကိုတွေ့လိုက်ရသဖြင့် သူ့ခြေလှမ်းတို့ကတုန့်ခနဲ ခနရပ်တန့်သွားပြီးနောက် ခြေသံလုံလုံဖြင့်အနီးသို့ ချဥ်းကပ်သွားသည်။
စူးရှတဲ့သိမ်းငှက်မျက်လုံးတွေက သစ်ပင်အကွယ်က သားကောင်ကို ရှင်းလင်းစွာမြင်နေရ၏။
အမဲလိုက်ရာမှာ အဓိကအချက်ကျသည့်အရာတွင် အမြင်အာရုံလည်း လိုအပ်ပေသည်။ဒိုင်း!!!
ခပ်ကျယ်ကျယ် သေနတ်သံက တောအုပ်ထဲ၌ အလွန်အမင်းကျယ်လောင်စွာ ထွက်ပေါ်လာမှုကြောင့် ကျန်ရှိနေသေးသော လူနှစ်ယောက်သည်လည်း အလန့်တကြားထွက်ပြေးကြကုန်၏။
လျင်မြန်တဲ့အရှိန်နှုန်းနဲ့ ကျည်ဖြည့်ပြီး ပြေးနေတဲ့လူတစ်ယောက်ရဲ့ နောက်ကျောကိုချိန်ပစ်ထည့်လိုက်ပြန်သည်။
အခုနောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်။
လေးမိနစ်ခန့်ကြာပြီးသောအခါ နောက်ဆုံးတစ်ယောက်ကိုပါ ကျည်ဆန်မှန်အောင်ပစ်လိုက်နိုင်ပါ၏။"ဘယ်လောက်ကြာသွားလဲ"
"5မိနစ်ပါ သခင်လေး"
Mr.Carloက တောစပ်တွင်ရပ်နေပြီး အမဲလိုက်ပြန်လာသော တူတော်မောင်ကိုကြည့်ကာ စိတ်အပျက်ကြီးပျက်နေပါ၏။
ဘယ်လိုပဲဖြစ်ဖြစ် လူကိုအမဲလိုက်တာတော့ မဟုတ်သေးဘူးမလား။
သူသင်ပေးခဲ့တဲ့ အမဲလိုက်ပညာက တောကောင်တွေဖမ်းဖို့ရာဖြစ်ပေမယ့် သူ့တူတော်မောင်ကတော့ အပစ်သားတွေကို သားကောင်အဖြစ်အသုံးပြုနေတော့တာ။
ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ underbossကြီးဖြစ်နေပါစေအုံး သူ့တူတော်မောင်ရဲ့ လူသတ်စွမ်းရည်ကိုတော့ ရှိန်ရသည်။
Jeon JungKookက ယဥ်ကျေးပျူငှာတတ်ပေမယ့် သွေးအေးစွာ ရက်စက်တတ်တဲ့ နေရာမှာတော့ တကယ်ကို မကောင်းဆိုးဝါးတစ်ကောင်မလို့။
လူတစ်ယောက်သတ်ဖို့ရာ သူ့အတွက် အချိန်တစ်မိနစ်တောင်မလိုပေ။
YOU ARE READING
Innocence But Devil
Fanficလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး