Chapter 6:ငါ့အပိုင်

452 75 2
                                    

ဖွင့်ပွဲအခမ်းအနားအပြီးတွင် လူပေါင်း 4,000 ကျော် ကထကာ အခန်းတွင်းမှစုပြုံထွက်သွားကြလေသည်။ခန်းမဘေးမှတံခါးများနှင့် နောက်ဘက်ရှိတံခါးလေးကသာပွင့်နေသဖြင့် လူအုပ်ကြီးကပြုံတိုးနေကြ၏။ရှစ်အန်းသည် စင်မြင့်ကို လှည့်ပတ်ရင်း အောက်သို့ငုံ့ကြည့်လိုက်သော်လည်း အနက်ရောင်လူစုလူဝေးထဲ၌ မည်သူကိုမျှ မတွေ့ခဲ့ရပေ။

ရှစ်အန်းမှာ မျက်လွှာချလျက် အနည်းငယ်စိတ်ပျက်အားလျော့သွားသလို ခံစားရသော်လည်း တံခါးပေါက်မှလူအုပ်နောက်သို့လိုက်၍ အပြင်သို့ထွက်လာခဲ့လေသည်။

အားကစားပွဲတော်အတွင်း အတန်းများကိုဆိုင်းငံ့ထားသောကြောင့် သုံးရက်လုံးအားလပ်စွာကုန်ဆုံးနိုင်လေသည်။

ရှစ်အန်းမှာအပြင်လည်းမထွက်ချင်သလို မည်သည့်ပွဲအတွက်မှ စာရင်းသွင်းမထားခဲ့ပေ။သူကအတန်းသို့သာပြန်သွားလိုက်ပြီး အိမ်စာလုပ်ရန် ထိုင်ချလိုက်၏။တစ်ခါတစ်ရံ၌ အတန်းထဲရှိအတန်းဖော်များကလည်း ရုပ်ရှင်များကြည့်ရန်အတွက် စင်မြင့်ကိုအသုံးပြုကြပေလိမ့်မည်။

ရှန်းချောင်ချောင်ကိုဖန်းထုံကဆွဲခေါ်သွားခဲ့ခြင်းဖြစ်ပြီး ရှစ်နာရီထိုးသည့်အချိန်မှသာ စာသင်ခန်းထဲသို့ပြန်ရောက်လာ၏။စာသင်ခန်းထဲ၌ လူအလွန်နည်းနေလေသည်။သူမကထိုင်ခုံရှိရာသို့ ကြည့်လိုက်ချိန်၌ ရှစ်အန်းပြန်ရောက်နေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။

ရှစ်အန်းက စာသင်ခန်းထဲသို့အရင်ဆုံးပြန်သွားခြင်းဖြစ်မည်ဟု သူမခန့်မှန်းလိုက်မိ၏။အကြောင်းအရင်းကိုမသိသော်လည်း ရှစ်အန်းကအတန်းထဲ၌ရှိနေပြီဖြစ်သည်ဟု တွေးမိသည့်အခါ သူမကအနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး ဟိုဟိုဒီဒီလျှောက်မသွားလိုတော့။စာသင်ခန်းသို့ပြန်ကာ သူ့ဘေး၌သာထိုင်နေချင်ခဲ့လေသည်။

ရှန်းချောင်ချောင်မှာ ရှစ်အန်း၏ထိုင်ခုံဖော်ဖြစ်ခဲ့သည်မှာ စာသင်နှစ်ဝက်နီးပါးရှိပြီဖြစ်သော်လည်း သူမထိုင်ခုံသို့ပြန်ရောက်သည့်အချိန်တိုင်း အနည်းငယ် တော့ တုန်လှုပ်နေခဲ့မိလေသည်။သူမ၏လက်ဖဝါးများ၌ ချွေးများကဖုံးလွှမ်းနေတတ်ပြီး လက်ချောင်းထိပ်များကလည်းအေးစက်နေကာ နှလုံးခုန်နှုန်းများလည်း မြန်နေတတ်ပြန်၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now