Chapter 17:ဧည့်တွေ့လာခြင်း

310 63 0
                                    

ရှစ်အန်းမှာ ဘေးသို့စောင်းလျက် ကွေးကာခွေခေါက်အိပ်ရခြင်းကို နှစ်သက်လေသည်။

သူ့လက်ထဲရှိIV Dripကြောင့် လှိမ့်ရင်းလက်ကိုဖိမိမည်အား ယန်လျန့်ကစိုးထိတ်သဖြင့် ဘေးသို့လှည့်နေခြင်းအား ခွင့်မပြုခဲ့ပေ။

ခဏမျှ ဆေးဒဏ်ကိုခံစားပြီးနောက် ရှစ်အန်း၏အသိစိတ်များက ထပ်၍ဝေဝါးလာခဲ့ကာ မျက်လုံးများကို ဖွင့်မထားနိုင်တော့။ရီဝေဝေဖြစ်နေချိန်၌ သူကအကျင့်အရ ဘယ်ဘက်သို့လှည့်လိုက်မိလေသည်။

အဆုံး၌ သူကမလှည့်နိုင်ခဲ့​ပေ။ယန်လျန့်က သူ၏လက်ကို သူ့ပခုံးပေါ်တင်ထားပြီး ညင်သာစွာပြန်ဆွဲလိုက်သည်ကို ခံစားလိုက်ရ၏။

ပက်လက်လှဲနေရသည့် အနေအထားက ရှစ်အန်းအား အလွန်မသက်မသာ ဖြစ်နေစေခဲ့လေသည်။သူကအိပ်ပျော်တော့မည့်အချိန်တိုင်း အလိုလိုဘေးသို့လှည့်ချင်နေသော်လည်း ယန်လျန့်က သူ့အားထိုသို့လုပ်ခွင့်မပေးခဲ့။

ည၏ပထမတစ်ဝက်ရှိ ဆေးရုံကုတင်ပေါ်မှမြင်ကွင်းမှာ ရှစ်အန်းက မရမကဘေးသို့လှည့်နေခဲ့ပြီး ယန်လျန့်ကလည်း သူ့အား ဆက်တိုက် ပြန်ဆွဲနေရခြင်းသာ။

ငိုက်မျဉ်းသောအိမ်မက်ထံ ကျဆင်းတော့မည့်အချိန်တိုင်း ယန်လျန့်၏နှိုးခြင်းကို ခံနေရလေသည်။

အိပ်လည်းမအိပ်နိုင်သလို နှိုးလည်းနိုးထနိုင်ခြင်းမရှိသဖြင့် ရှစ်အန်း၏စိတ်များက အလွန်ပင် အိပ်ချင်မူးတူးဖြစ်နေလေသည်။သူကထပ်၍ ခွေခေါက်ကာ ကွေးရန်ကြိုးစားလာချိန်၌ ယန်လျန့်ကကုတင်ပေါ်သို့ ခုန်တက်လာကာ သူ၏လှုပ်ရှားမှုများကို သူ့လက်မောင်းများဖြင့် ချုပ်ထိန်းပစ်လိုက်တော့သည်။

အိပ်ချင်မူးတူးဖြစ်နေရင်း ယန်လျန့်ကသူ့နားထဲသို့ တိုးတိုးလေးပြောလာသည်ကို ကြားလိုက်ရ၏။

"စကားနားထောင်နော် ဆေးသွင်းပြီးမှလှည့်လေ ဟုတ်ပြီလား?"

သူက ယန်လျန့်၏လက်မောင်းများဖြင့် ထွေးပွေ့ခံထားရ၏။သူ၏နွေးထွေးသော အသက်ရှူသံက ရှစ်အန်း၏နားကို ညင်သာစွာဖြင့် ပြက်သိကာတိုးဝှေ့နေကာ နှာဖျား၌လည်း ယန်လျန့်၏ခပ်ဖျော့ဖျော့ သံပရိုဆပ်ပြာရနံ့ကို ရနေခဲ့လေသည်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now