Chapter 12:မလွယ်ကူသော

304 58 1
                                    

ရာသီဥတုက ပို၍ပို၍ အေးလာခဲ့ပြီဖြစ်၏။

ဆောင်းရာသီဖြစ်၍မှောင်နေဆဲဖြစ်ပြီး ရှစ်အန်းအိမ်မှထွက်လာချိန်တွင် လမ်းကြား၌လမ်းမီးရောင်သာရှိလေသည်။

အေးစက်စိုစွတ်သောလေက သူ့လည်ပင်းပေါ်ဖြတ်၍တိုက်ခတ်သွားပြီး ရှစ်အန်းမှာနှာချေလိုက်မိကာ သူ့မျက်လုံးထောင့်များကအနည်းငယ်နီရဲနေလေသည်။

သူကခေါင်းကိုငုံ့ကာ ကော်လာကိုဆွဲလိုက်ချိန်တွင် လက်တစ်ဖက်က သူ့ဘေးမှထွက်လာ၏။သွယ်လျသောလက်ဆစ်များကို အနည်းကွေးထားပြီး နွေးထွေးသောပစ္စည်းတစ်ခုကို ရှစ်အန်း၏မျက်နှာပေါ်သို့ဖိပေးလာ၏။

ရှစ်အန်းကခေါင်းကိုလှည့်လိုက်ရာ ယန်လျန့်မှာပါးလျသောအဖြူရောင်ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး တံခါးကိုမှီရင်းရပ်နေကာ လက်ကိုဆန့်ပြီး သူ့လက်ဖဝါးကိုရှစ်အန်း၏မျက်နှာလေးနှင့် ဖိကပ်ထားခဲ့လေသည်။

အတိအကျပြောရရင် ၎င်းကလက်ဖဝါးမဟုတ်ပေ။ယန်လျန့်၏လက်မှာ အနွေးအိတ်ကိုကိုင်ထားခြင်း။စေးကပ်သောတစ်ဖက်ခြမ်းကို ခေါက်ထားပြီး သူ့လက်ဖဝါးမှတဆင့် ရှစ်အန်း၏အေးစက်သောပါးပြင်လေးကို ကပ်ထား၏။

ရှစ်အန်း၏မျက်နှာလေးအား သူ့လက်ဖဝါးဖြင့် ကြင်နာစွာထွေးပိုက်ထားသည်နှင့် တူလှပေသည်။

ရှစ်အန်း၏လက်ချောင်းများက ကော်လာကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်း ခေါင်းလေးကိုစောင်းလိုက်၏။

သူကခပ်ယဲ့ယဲ့ပြုံးရင်း မေးလာ၏။

"ဒီနေ့ ဘာလို့အရမ်းစောနေတာလဲ?"

သူကပုံမှန်ဆိုလျှင် ယန့်လျန့်ထပ်မိနစ်ငါးဆယ်မျှစော၍ အိမ်မှထွက်တတ်သဖြင့် မနက်ခင်း၌ သူတို့တွေ့ဆုံသည်ကရှားလှ၏။

"ငါဒီနေ့စောစောနိုးနေလို့ အတူသွားရအောင်"

ယန်လျန့်မှာ အနွေးအိတ်ကိုရှစ်အန်း၏လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။

"မင်းဘယ်လိုသွားချင်လဲ? စက်ဘီးစီးသွားမလား ဒါမှမဟုတ် လမ်းလျှောက်သွားမလား?"

"အတူ"ဟူသည့်စကားလုံးကြောင့် ရှစ်အန်း၏မျက်လုံးလေးများက ကွေးညွတ်သွားရင်း ပြောလိုက်၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now