Chapter 26:အဆင်မပြေခြင်း

272 60 1
                                    

မတ်လ၏အဆုံးသတ်က နောက်ဆုံးအေးစက်သောလေတို့ကို ကြိုဆိုလာခဲ့၏။

အမြဲကျန်းမာနေခဲ့သောကျန်းယွမ်မှာ အမှန်တကယ် ဖျားနာလာခဲ့ပြန်၏။

ရှစ်အန်းက သူမအားတစ်ကိုယ်လုံးဆေးစစ်ရန် ဆေးရုံသို့ခေါ်သွားလိုခဲ့သော်လည်း ကျန်းယွမ်ကတော့ ငြင်းဆန်ကာ သူကရေးကြီးခွင်ကျယ်လုပ်နေသည်ဟု မဆိုင်းမတွပြောလာခဲ့လေသည်။

ရက်အတော်ကြာ ရှစ်အန်း၏စိတ်တို့က ကျန်းယွမ်အပေါ်တွင်သာရှိနေကာ ရှန်းချောင်ချောင်က ပူရှိန်းပြားတစ်ဘူးကို သူ့စားပွဲပေါ်တင်လာသည့်အချိန်မှသာ သူကစကားပြောရန်အတွက်ပင် အလွန်အမင်းဖျားနာနေခဲ့ကြောင်း သဘောပေါက်သွားခဲ့ရ၏။

သူ့လည်ချောင်းက တစ်ချက်တစ်ချက် အလွန်အမင်းနာကျင်နေလေသဖြင့် ဘာတစ်ခုကိုမှမျိုမချဝံ့ခဲ့။

ရှစ်အန်းက သူ့လည်စလုတ်၏အထုံးကို လက်တစ်ဖက်ဖြင့် ညင်သာစွာပွတ်သပ်လိုက်ပြီး အားအနည်းငယ်စိုက်ထုတ်ကာ ရှန်းချောင်ချောင်အားကျေးဇူးတင်လိုက်လေသည်။

ရှန်းချောင်ချောင်က သူ့အားသာမန်ကာလျှံကာမျှ မေးလာ၏။

"နင်အအေးမိနေတာ တော်တော်လေးကြာပြီ အဲ့တာကမကောင်းဘူး နင်...en ဆေးမသောက်ဘူးလား?"

ရှစ်အန်းမှာ အံ့ဩသွားလေသည်။

ဤတစ်ကြိမ်တွင် သူ၏အအေးမိမှုက အနည်းငယ်မျှကြာနေခဲ့ကြောင်း သူသည်လည်းခံစားမိပြီး ရှန်းချောင်ချောင် ပြောလာသည့်အချိန်မှသာ သူအသိဝင်လာခဲ့လေသည်။

ခေါင်းကိုက်ခြင်းက သူ့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုနီးပါးပင်ဖြစ်နေပြီး ရှစ်အန်းမှာ သူ့ကိုယ်သူမည်သို့ဒုက္ခပေးရမည်လဲ တစ်ခါမှမတွေးတောခဲ့ပေ။အအေးမိခြင်းက အမြဲတမ်းပိုကောင်းလေသည်။၎င်းက ပြင်းထန်သည့်ရောဂါလည်း မဟုတ်သလို သေလည်းမသေနိုင်ပေ။ဒီတိုင်းသာ ထားလိုက်။

ယန်လျန်က သူ၏တွေးခေါ်မှုအပေါ် တစ်ကြိမ်မျှ မကျေမနပ်ပြောခဲ့ဖူး၏။

အပူချိန်ပြောင်းလဲပြီး ရာသီဥတုအပြောင်းအလဲဖြစ်သော နေ့ရက်များ၌ ယန်လျန့်က သူ့အတွက်အအေးမိပျောက်ဆေးကို သေချာပေါက် ပြင်ဆင်ကာ ညဘက်၌သူကျောင်းလွယ်အိတ်ထဲ ထည့်ထားပေးပြီး နောက်နေ့နေ့လည်၌ ကျောင်းဆင်းပြီးနောက် သူသောက်ရန် သတိရ၊မရကို စစ်ဆေးလေ့ရှိ၏။

 It Seems There is Light || ဘာသာပြန် 《Completed》Onde histórias criam vida. Descubra agora