Chapter 44:ဘတ်စ်ကား

293 55 2
                                    

ရှစ်အန်းမှာ လွန်ခဲ့သည့်အချိန်များက စာမေးပွဲမေးခွန်းများနှင့်အိမ်စာများကို အပြီးသတ်ကာ ယခင်ကလိုပင် မှားသောမေးခွန်းများကို စတင်၍ရွေးချယ်ကာစုလိုက်လေသည်။

သူကမှားသောမေးခွန်းများကို ကူးရေးရန်အတွက် ထပ်ဖြည့်၍လည်းရသလို အမှန်ပြင်၍လည်းရနိုင်သော တစ်ရွက်ချင်းတွဲထားသည့်စာရွက်(1)များကို အသုံးပြုလေ့ရှိ၏။၎င်းက အလွန်အဆင်ပြေလေသည်။

သူက၎င်းတို့ကိုဝယ်ရန် မေ့သွားခဲ့သည်ပင်။ရှစ်အန်းက တစ်ရွက်ချင်းတွဲထားသည့်စာရွက်များအတွက်ပလတ်စတစ်အိတ်ကို ရှာတွေ့ခဲ့သော်လည်း ၎င်းကအလွတ်ဖြစ်နေခဲ့၏။

"ရှန်းချောင်ချောင်"

ရှစ်အန်းမှာ သူ့ထိုင်ခုံဖော်၏စားပွဲပေါ် လက်ဆစ်များဖြင့်ခေါက်လိုက်သည်။

"မင်းမှာ တစ်ရွက်ချင်းတွဲထားတဲ့စာရွက်ရှိလား? အပေါက်၂၆ခုလေ"

"အာ ရှိတယ်"

ရှန်းချောင်ချောင်က ဘောပင်ကိုချကာ ခေါင်းညိတ်ပြလာခဲ့၏။

"ခဏလေးနော်"

သူမကစာအုပ်ထည့်ပုံးထဲ ရှာဖွေရန်ငုံ့တော့မည့်အချိန်၌ ယန်လျန့်၏အသံက သူမ၏ခေါင်းနောက်မှထွက်ပေါ်လာတော့သည်။

"ရှစ်အန်း ရှစ်အန်း ကိုယ့်မှာရှိတယ်  ကိုယ့်မှာရှိတယ်
ကိုယ်မင်းကိုပေးမယ်"

ယန်လျန့်မှာ ပြတင်းပေါက်အပြင်ဘက်၌ မည်သည့်အချိန်ကတည်းကရပ်နေခဲ့သည်လဲ မသိပေ။သူကလက်လှမ်းကာ ရှစ်အန်း၏ဆံပင်လေးများကို ထိတွေ့ရင်း ထပ်ပြောလာခဲ့၏။

"ကိုယ့်မှာရှိတယ် ကိုယ်မင်းကိုပေးမယ်လေ"

ရှန်းချောင်ချောင်မှာ စာရွက်ကိုရှာတွေ့သွားခဲ့ပြီးဖြစ်ကာ ယန်လျန့်ကိုကြည့်ရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်။

"ကျေးဇူးပဲ ငါ့သူ့ဟာပဲသုံးလိုက်တော့မယ်"

ရှစ်အန်းမှာအနည်းငယ်ရှက်သွားကာ သူမကိုပြုံးပြပြီး ထကာ အနောက်ဘက်တံခါးမှတစ်ဆင့် အခန်းအပြင်ထွက်လိုက်၏။

သူထွက်လာသည်နှင့် ယန်လျန့်ကလက်ကိုဆန့်ကာ သူ့ပခုံးများကိုပွေ့ဖက်ပြီး လူကိုရုတ်တရက်ဆွဲခေါ်သွားတော့သည်။

 It Seems There is Light || ဘာသာပြန် 《Completed》Tempat cerita menjadi hidup. Temukan sekarang