Chapter 39:သခင်မကြီး

245 47 0
                                    

ဤအချိန်အတောအတွင်း အတန်းထဲ၌နောက်ကျကျန်နေခဲ့သဖြင့် ရှစ်အန်းကသူ့အိတ်ကိုသယ်ကာ ကျန်းယွမ်၏အခန်းထဲ ပြန်လာခဲ့၏။

သူကစားပွဲတင်ခေါက်မီးအိမ်ကို အိပ်ယာပေါ်တင်ကာ ကုတင်အစွန်း၌လှဲလိုက်လေသည်။အိပ်ရာခင်း၌ အချိတ်ပိုးထည်ဟောင်းနှင့်အချိုပွဲ၏ သင်းပျံ့ညင်သာသောရနံ့လေးက ရှိနေဆဲပင်။

မီးအိမ်က နူးညံ့သောအိပ်ရာခင်းပေါ်၌ စောင်းလျက်ရှိနေပြီး အေးစက်စက်အဖြူရောင်အလင်းရောင်က စောင်၏နူးညံ့သောခေါက်ရာများနှင့်အတူ တက်လိုက်ကျလိုက်ဖြင့်။

ရှစ်အန်းကဘောပင်အဖုံးကို ဖွင့်လိုက်ပြီး လေ့ကျင့်ခန်းစာရွက်များကို အိပ်ယာပေါ်၌ဖြန့်လိုက်ကာ ဗြောင်စာရွက်ပေါ်၌ ရေးပြီးရုံမျှရေးလိုက်ပြီးနောက် မီးအိမ်ကိုပိတ်ကာ အိပ်ယာထဲလှဲချလိုက်ပြီးအပြည့်အဝထွေးဖက်ခံရရန် စောင်ကိုဆွဲခြုံလိုက်၏။

သူကအခန်းထဲ၌ ခဏမျှတိတ်တဆိတ်နေပြီးသည့်နောက် အခန်းအပြင်ထွက်ကာ ရှင်းလင်းနေသောဧည့်ခန်းတစ်ဝိုက် ခြေဦးတည့်ရာလျှောက်ပတ်နေလိုက်တော့သည်။

သူကတစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ခံစားရပြီး တစ်ခါတစ်ရံ ဟိုနေရာ၊သည်နေရာလှန်လျောရှာဖွေနေသည့်တိုင် သူဘာကိုရှာဖွေနေသည်လဲ အတိအကျမသိခဲ့ပေ။

သူကဘာတစ်ခုကိုမှလည်း မရှာဖွေနိုင်ခဲ့။

ရှစ်အန်းမှာ သူ၏သက်သာခါစခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲကာ အိမ်တစ်လျှောက်ဘယ်နှစ်ကြိမ်လောက်များ လမ်းပတ်လျှောက်နေမိသည်လဲ မသိတော့ပေ။

သူ့ခြေဖဝါးများက အားပျော့လာသဖြင့် အလွယ်တကူကိုယ်ကိုကွေးကာ ဧည့်ခန်းထဲ၌ငုတ်တုတ်ထိုင်နေလိုက်တော့သည်။

သူကထောင့်ရှိ သေးငယ်သောညအိပ်မီးကိုသာပလတ်ထိုးထားပြီး ညင်သာအေးစက်သောအလင်းရောင်က အရောင်စုံစားပွဲခင်းခင်းထားသော ကော်ဖီစားပွဲအားအလင်းရောင်ပေးနေခဲ့၏။

စားပွဲပေါ်တွင် အခွံမာသီးများထည့်ထားသော ဖန်ဘူးတစ်ခုရှိပြီး အဖြူရောင်စာရွက်တစ်ရွက်ကိုတော့ ဖန်ဘူးအောက်၌ဖိထားခဲ့သည်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now