Chapter 32:ငြိမ်းချမ်းမှုကို တွေ့ရှိခြင်း

256 57 0
                                    

ဆေးရုံခန်းတံခါးက ပွင့်လာခဲ့၏။

အခန်းထဲဘယ်သူဝင်လာသည်လဲ တွေးတောရန် ရှစ်အန်းတွင်အချိန်ရှိမနေခဲ့ပေ။သူက ဆေးရုံကုတင်ရှေ့၌ထိုင်ရင်း အပေါ်ပိုင်းခန္ဓာကိုယ်ကို အနည်းငယ်ကွေးထားလျက် ခေါင်းကိုတံတောင်ဆစ်ကွေးထဲ ဝှက်ထားခဲ့လေသည်။

ထိုလူက သူ့ဆီတည့်တည့်လျှောက်လာပြီးနောက်
ရပ်တန့်သွားခဲ့လေသည်။

၎င်းက ပြန်လာသောယန်ကျောက်ဖြစ်ပေလိမ့်မည်။

ရှစ်အန်းမှာ အခြားသူများရှေ့၌ ဤကဲ့သို့အားငယ်လျက် စိတ်ပင်ပန်းနေသောအခြေအနေမျိုးဖြစ်နေရသည်ဟူသောအတွေးကို သည်းခံနိုင်စွမ်းမရှိသော်လည်း ကံမကောင်းစွာဖြင့် တည်ငြိမ်ကာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်ပြီး အမူအကျင့်ယဉ်ကျေးသောရှစ်အန်းဖြစ်ရန်အတွက် သူ့တွင်အင် အားအနည်းငယ်သာ ကျန်တော့သည်။

ယန်ကျောက်က သူ့ရှေ့၌ခဏမျှရပ်နေပြီးနောက် ရုတ်တရက် လက်လှမ်းလာကာ ရှစ်အန်း၏ကျောပြင်လေးပေါ်တင်လာပြီးနောက် အနည်းငယ်မျှသတိထားလျက် အလွန်အမင်းပေါ့ပါးသောအားလေးဖြင့် ချော့မြူစွာပုတ်ပေးလာခဲ့၏။

ခြောက်သွေ့ကာနွေးထွေးသောလက်ဖျားများ၌ ကြည်လင်သော ခပ်ဖျော့ဖျော့ သံပုရာဆပ်ပြာရနံ့လေးရှိနေခဲ့လေသည်။

ရှစ်အန်း၏ခန္ဓာကိုယ်က အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းကိုမော့လိုက်လေသည်။မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းက ယန်လျန့်၏နုပျိုချောမောသောမျက်နှာလေးသာ ဖြစ်ချေသည်။

ရှစ်အန်း၏မျက်ဝန်းများက အနည်းငယ်မျှ ကျယ်သွားရလေသည်။

သူကအမှန်တကယ်တော့ ယန်လျန့်ကို အလွန်အမင်းကို လွမ်းဆွတ်နေခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့၏။

သူကယန်လျန့်အား အလွန်အမင်းကိုတွေ့ချင်နေခဲ့ခြင်း။

အကွာအဝေးကအလွန်နီးကပ်နေကာ လက်လှမ်းလိုက်ရုံဖြင့် အလွယ်တကူထိတွေ့နိုင်လေသည်။

သို့သော် ယန်လျန့်ကိုအလွန်အမင်း လွမ်းဆွတ်တမ်းတနေဆဲ။

သူ့အကြောင်း အလွန်အမင်းတွေးတောနေမိသဖြင့်
ရူးသွပ်သွားတော့မလိုပင်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now