Chapter 34:သိုဝှက်ထားသော ခံစားချက်များ

325 58 3
                                    

ချင်းကျိုလမ်းကြားရှိအိမ်နီးချင်းများက ကျန်းယွမ်၏ကုတင်ဆီသို့ အပြေးအလွှားရောက်လာကြကာ ရှစ်အန်းကိုပင် ဆေးရုံမှအဝေးခေါ်သွားလုမတတ်။

ရှစ်အန်းက သူကိုယ်တိုင် ကျန်းယွမ်နှင့်အတူရှိနေချင်ဆဲသာ။

လူနာဆောင်အတွင်းရှိလေထုက တိတ်ဆိတ်ခြောက်ကပ်ငြီးငွေ့ဖွယ် ဖြစ်စပြုလာခဲ့ပြန်၏။ကျန်းယွမ်က မကြာခဏအိပ်ပျော်နေတတ်ကာ ရှစ်အန်းကကုတင်ဘေး၌ထိုင်ရင်း ခမ်းရှင်းစစ်၏အလွတ်ဖြစ်နေသော အဖြူရောင်ဆေးရုံကုတင်ကို စိုက်ကြည့်နေခဲ့မိလေသည်။

နေ့ရက်များက ခက်ခဲစပြုလာတော့သည်။

ရှစ်အန်းမှာ ချန်ယွီကိုထပ်တွေ့နိုင်ရန်မျှော်လင့်ခဲ့သော အချိန်များရှိခဲ့၏။သူက ချန်ယွီ၏မျက်ဝန်းများမှတဆင့် တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်ရှာဖွေချင်ခဲ့လေသည်။

အနည်းဆုံးတော့ ချန်ယွီကပစ္စည်းများသိမ်းရန် သို့မဟုတ် တစ်ခုခုလုပ်ရန် လူနာဆောင်အတွင်းသို့ပြန်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတော့ သူကချန်ယွီကိုဘယ်တော့မှ ထပ်မတွေ့ရတော့။

မကြာမီ၌ တစ်စုံတစ်ယောက်က ခမ်းရှင်းစစ်၏ကုတင်ကို လွှဲပြောင်းယူခဲ့၏။ထိုသူက တိတ်ဆိတ်သောအဘိုးတစ်ယောက်ဖြစ်ကာ အလွန်ပြုံးရယ်လေ့မရှိသည့်တိုင် ညင်သာသောစရိုက်မျိုးရှိလေသည်။သူက ဆွေမျိုးများနှင့်သူငယ်ချင်းများပို့ပေးသောသစ်သီးများကို ရှစ်အန်း၏လက်ထဲ ထိုးထည့်ပေးရသည်အား အမြဲလိုလိုသဘောကျခဲ့၏။

ဩဂုတ်လ၌ ချန်ယွမ်ကရှစ်အန်းကိုတစ်ကြိမ် ဆက်သွယ်ခဲ့ပြီး ရှစ်အန်းမှာသင်္ချာအိုလံပစ်၏ဒုတိယစာမေးပွဲကို အောင်သွားခဲ့ပြီဖြစ်ကာ နောက်ဆုံးစာမေးပွဲက နိုဝင်ဘာလလောက်၌ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောပြလာခဲ့တော့သည်။

ချန်ယွမ်က ရှစ်အန်းထံနောက်ဆုံးစာမေးပွဲဝင်ခွင့်ဖောင်ယူလာပေးရန်အတွက် ဆေးရုံသို့ အထူးသီးသန့်ရောက်လာခဲ့လေသည်။

ပါးလျသောငွေရောင်ဘောင်မျက်မှန်နှင့် ငယ်ရွယ်သောဆရာက နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ရှစ်အန်းကို အချိန်အကြာကြီးကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းများက တကယ်ကြီးကို အနည်းငယ်မျှနီရဲလာခဲ့ပါ၏။သူကလက်လှမ်းလျက် ရှစ်အန်း၏ဆံပင်အဖျားလေးများကို ညင်သာစွာ ပွတ်သပ်ပေးလာခဲ့လေသည်။

 It Seems There is Light || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora