Chapter 15:ရုတ်တရက်ဖျားနာမှု

291 61 1
                                    

အစမ်းသရုပ်ဆောင်ပွဲပြီးနောက် နှစ်သစ်ကူးနေ့ကနီးကပ်၍ လာခဲ့တော့သည်။

ဤရက်ပိုင်း၌ အပူချိန်ကလျင်မြန်စွာ ကျဆင်းနေလေသည်။ကျောင်းရှိလူတိုင်းနီးပါးက ကျောင်းဝတ်စုံပေါ်မှ အင်္ကျီအထူကြီးများကိုထပ်ဝတ်ကာ ဖက်ထုတ်ကဲ့သို့ပင် ထွေးပတ်ထားလျက်။

ထုံကျစ်ရှင်းမှာ အမြဲတမ်း သူမ၏အေးစက်နေသောလက်ဖျားများကို ပွတ်သပ်ပြီး သူမ၏ဖျော်ဖြေရေးဝတ်စုံကပါးလျလွန်းကာ ဤကဲ့သို့ရာသီဥတုမျိုး၌ ဖျော်ဖြေရမည်က အလွန်ပင်ဒုက္ခရောက်လှသည်ဟု အော်ဟစ်နေလေတော့သည်။

လွန်ခဲ့သောရက်အနည်းငယ်က နေရောင်ပင်မရှိဘဲ ကောင်းကင်ကြီးမှာ ဖြူစွတ်အေးခဲနေသော်လည်း လမ်းပေါ်တွင် ချိတ်ဆွဲထားသော အနီရောင်မီးပုံးများက အနွေးဓာတ်အချို့ကို ထပ်လောင်းပေးနေ၏။

ချင်းကျိုလမ်းကြားရှိ ဆိုင်တိုင်း၏ရှေ့တွင် မီးပုံးများကိုချိတ်ဆွဲထားပြီး သစ်သားအိမ်များနှင့်အစိမ်းရောင်အုတ်ကြွပ်ပြားများကြား၌ အလွန်ကြည့်ကောင်းနေလေသည်။

မနက်ဖြန်က နှစ်သစ်ကူးနေ့ဖြစ်ပြီး ယနေ့ညတွင် နှစ်သစ်ကူးနေ့ဖျော်ဖြေပွဲကို ကျင်းပမည်ဖြစ်သည်။

လွန်ခဲ့သောရက်အနည်းငယ်က အပူချိန်အပြောင်းအလဲကြောင့် ရှစ်အန်းသည်လည်း များစွာဒုက္ခရောက်ခဲ့ရသည့်တိုင် ယနေ့တွင်တော့ အထူးဆိုးရွားနေပုံရလေသည်။

မနက်လေးနာရီလောက်တွင် သူကရုတ်တရက် အိပ်ရာမှနိုးလာပြီး အန်ချရန်ရေချိုးခန်းထဲသို့အပြေးသွားပြီးနောက် ရေအိမ်ဘေးတွင်ထိုင်နေရတော့သည်။

သူ​ကမှင်တက်စွာဖြင့်နိုးလာပြီး နံရံကိုမှီလိုက်လေသည်။အန်ပစ်ကာ သူ့ကိုယ်သူသန့်စင်ပြီးနောက် ပြန်အိပ်ရန်ကြိုးစားခဲ့သော်လည်း အချိန်အတော်ကြာလှဲလျောင်းပြီးသည့်နောက်တွင်တော့ ပြန်ထထိုင်ပြီး အန်ရန်အတွက် ရေချိုးခန်းထဲသို့ အပြေးအလွှားသွားရပြန်၏။

ရှစ်အန်းကခေါင်းလှည့်ကာ နံရံကပ်နာရီကိုကြည့်လိုက်ရာ မနက်ငါးနာရီထိုးနေလေပြီ။

 It Seems There is Light || ဘာသာပြန် 《Completed》Tempat cerita menjadi hidup. Temukan sekarang