Chapter 14:ညနှောင်းပိုင်းစကားဝိုင်း

272 59 1
                                    

ယန်လျန့်ကခြေချိတ်လျက် ကုတင်ပေါ်တွင်ထိုင်နေပြီး ကျိုးယွမ်ကသူနှင့်ဆန့်ကျင်ဘက်တွင်ထိုင်နေကာ လက်ကိုမြှောက်ကာ ဆံပင်ကိုသုတ်နေ၏။

သူတို့က ထိုကဲ့သို့သာ ဆယ်မိနစ်မျှထိုင်နေခဲ့ကြ၏။

ကျိုးယွမ်ကဆံပင်ကို ခြောက်သွားစေပြီးနောက် ပေါ့ပေါ့ပါးပါးပင် မျက်နှာသုတ်ပုဝါကိုအဝေးသို့ပစ်ချလိုက်လေသည်။

မျက်နှာသုတ်ပုဝါက ထောင့်ကွေးတစ်ခုအဖြစ်ပျံသန်းသွားပြီးနောက် စားပွဲရှေ့ရှိထိုင်ခုံကျောမှီ၌ တင်သွားပြီး အကြိမ်အနည်းငယ်မျှ ဖြည်းဖြည်းချင်း ယိမ်းနွဲ့နေခဲ့၏။

ယန်လျန့်က ယိမ်းနွဲ့နေသောမျက်နှာသုတ်ပုဝါကို ကြည့်နေခဲ့ပြီး အတွေးထဲနစ်မျောနေလေသည်။

ကျိုးယွမ်ကကုတင်ပေါ်လှဲချလိုက်ပြီး ပြောလာ၏။

"ယန်လျန့် မင်းဘာလို့အရင်မပြန်တာလဲ ငါတို့အိမ်မက်ထဲမှာပဲ ဘဝအကြောင်းပြောကြရအောင် ဟုတ်ပြီလား?"

အိပ်ယာကနူးညံ့ပြီး ကျိုးယွမ်လှုပ်လိုက်သည်နှင့် ယန်လျန့်မှာလည်း မွေ့ရာပေါ်၌ အကြိမ်အနည်းငယ်မျှ မြင့်ချီနိမ့်ချည် လှုပ်ရှားသွားခဲ့လေသည်။

ယန်လျန့်ကသူ့ကော်လာကို လှမ်းဆွဲလိုက်ပြီး အိပ်ယာပေါ်၌နေနေဆဲဖြစ်ကာ ထရန်ငြင်းဆန်နေခဲ့လေသည်။

"ဒါဆိုမင်းလှဲနေလိုက် ငါကမင်းကိုမေးမယ် မင်းလေးလေးနက်နက်ဖြေပေး တကယ်လို့......"

ယန်လျန့်ကခုတင်ခေါင်းရင်းကို ပြန်မှီလိုက်ပြီး လက်မောင်းကိုခေါင်းနောက်တွင်ထားကာ ခေါင်းကိုအနည်းငယ် စောင်းငဲ့ထား၏။

"တကယ်လို့ ငါကချစ်မိနေပြီး ကောင်....ကောင်မလေးရှိနေတယ်လို့ပြောရင် မင်းဘယ်လိုခံစားရမလဲ?"

ကျိုးယွမ်က ချက်ချင်းအိပ်ယာပေါ်မှခုန်ထကာ သူ့အားစိုက်ကြည့်နေ၏။

"ဟမ်?"

ကျိုးယွမ်မှာ ဤမေးခွန်းအားမေးရန် ခွန်အားအလုံးစုံကိုအသုံးပြုခဲ့ပုံရလေသည်။ပဲ့တင်သံက ယန်လျန့်၏နားရွက်ကို တုန်လှုပ်သွားစေ၏။

 It Seems There is Light || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora