Chapter 46:ငယ်ရွယ်မှု

324 57 5
                                    

တစ်စုံတစ်ယောက်ကို သဘောကျနေမိသည့်အခါ သူနှင့်သက်ဆိုင်သမျှ အရာအားလုံးကိုလည်း သဘောကျမိသွားပေလိမ့်မည်။

ကွေးတက်နေသော မျက်တောင်ဖျားလေးများ၊အနည်းငယ်ကောက်နေသော ဆံပင်လေးများနှင့်
အဝကျယ်လက်အနားခေါက်ပေါ်ရှိ မသိသာသော အတွန့်အကြေကြောင်းလေးများကိုပင်။

အလွန်အမင်းသဘောကျလွန်းသဖြင့် ဘာလုပ်ရမည်လဲမသိတော့လောက်အောင်ပင်။

တစ်ကမ္ဘာလုံးအား သိစေချင်လေသည်။

သူကငါ့အပိုင်

ငါတစ်ယောက်ထဲရဲ့ အပိုင်ဆိုတာကို။

ရှစ်အန်းကလက်နှစ်ဖက်ကိုပိုက်ထားကာ စားပွဲပေါ်မှီရင်း စာအုပ်ဖတ်နေခဲ့ပြီး ခေါင်းကိုငုံ့ထားကာ တည်ငြိမ်ကာအေးဆေးဖြစ်နေပြီး အလွန်နာခံမှုရှိကာ အလွန်ချောမောနေပုံပေါ်နေလေသည်။

ယန်လျန့်ကဘေးမှနေ၍ သူ့ကိုခဏမျှကြည့်နေပြီးနောက် အနားသို့တိုးကပ်သွားကာ လက်မောင်းဖြင့်ခါးလေးကိုထွေးဖက်လိုက်ပြီး မေးစေ့ကိုသူ့ပခုံးပေါ်တင်ထားလိုက်လေသည်။

ရှစ်အန်းက အနည်းငယ်လှုပ်သွားသော်လည်း ဖယ်မသွားဘဲ မျက်လုံးများက စာအုပ်ပေါ်တွင်သာရှိနေဆဲ။သူက အတန်ငယ်ရှက်ရွံ့နေလိမ့်မည်ဖြစ်ကြောင်း ယန်လျန့်သိနေလေသည်။

"ရှစ်အန်း ကိုယ်တို့ကြားမှာအရင်နဲ့အခု ဘာမှကွာခြားမှုမရှိဘူးလို့ မင်းတွေးမိဖူးလား?"

ယန်လျန့်ကသူ့ကိုဤသို့ကြည့်နေပြီး မကျီစယ်ပဲမနေနိုင်သဖြင့် မေးစေ့ကိုရွှေ့ကာ ပခုံးများကိုပွတ်သပ်လိုက်၏။

"ကိုယ်တို့ အများသိသွားအောင်မလုပ်သင့်ဘူးလား?"

ရှစ်အန်း၏အသံ၌ သိမ်မွေ့ကာမသိသာသော ရယ်ချင်စိတ်တို့ပါဝင်နေခဲ့လေသည်။

"မင်းကဘယ်လိုမျိုး အများသိအောင်လုပ်ချင်တာလဲ?"

ယန်လျန့်ကမျက်လွှာပင့်ကာ သူ့အားစူးစိုက်ကြည့်လာပြီးနောက် ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလာ၏။

"လမ်းဆုံကိုသွားပြီး မင်းကကိုယ့်အပိုင်ဆိုပြီး အော်လိုက်မယ်လေ"

 It Seems There is Light || ဘာသာပြန် 《Completed》Dove le storie prendono vita. Scoprilo ora