Chapter 37:ကျန်းယွမ်

273 52 0
                                    

လုချင်ကျစ်မှာ ကျန်းယွမ်၏စိုးရိမ်ရသောအခြေအနေသတိပေးချက်ကို လက်မှတ်ထိုးရန် အပြေးအလွှားပြန်လာခဲ့ကာ ကျန်းယွမ်အားVIPလူနာဆောင်သို့ပြောင်းရွှေ့ခဲ့လေသည်။

ဖြူဖျော့ကာဂရုမစိုက်ဟန်နှုတ်ခမ်းဖျားတို့ဖြင့် လုချင်ကျစ်မှာ ယခင်အတိုင်း အေးစက်ဆဲသာ။သူမ၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပေါ်၌ နူးနူးညံ့ညံ့ဗြောင်စကတ်ရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ လျော့ရဲရဲကျနေသောဆံပင်တို့က လှပသောပါးပြင်များ၏ဘေးဖက်၌ လွှဲယမ်းနေခဲ့၏။

ရှစ်အန်းက သူမ၏အရောင်ဖျော့ဖျော့မျက်ဝန်းများအတွင်းကြည့်လိုက်ကာ သူ၏ရင်ဘတ်အတွင်းမှ အတန်ငယ်ပြည့်နှက်ကာ စေးကပ်ပြီးအကျွမ်းတဝင်မရှိသောခံစားချက်က လိမ့်တက်လာခဲ့တော့သည်။

သူကနှုတ်ခမ်းကိုအနည်းငယ်ဟကာ မေမေဟုခေါ်လိုက်၏။

လုချင်ကျစ်က မျက်ဝန်းထောင့်မှသူ့အားခပ်ရေးရေးမျှကြည့်လာပြီး သူမ၏နှုတ်ခမ်းထောင့်က အနည်းငယ်မှကော့တက်သွားလေသည်။

လွန်ခဲ့သည့်သုံးနှစ်က သူလုချင်ကျစ်ကိုမြင်ခဲ့သည့်အချိန်ကို အမှတ်ရမိလေသည်။လုချင်ကျစ်က သူနားမလည်နိုင်ခဲ့သည့်စိတ်သက်သာရခြင်းတို့ဖြင့် သူ့အားကြည့်နေခဲ့ခြင်းပင်။

လုချင်ကျစ်မှာ ထိုအချိန်မှစ၍ သူ့မျက်ဝန်းများအတွင်း၌ မတူညီသည့်အရာတစ်ခုကိုတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်ပေလိမ့်မည်။

နေ့ရက်များက ကုန်သွားသောသွားတိုက်ဆေးလို
ကြာရှည်စေသောနည်းလမ်းတစ်ခုဖြင့် အချိန်ကိုအပြင်ဘက်သို့ညှစ်ထုတ်ရင်း တစ်ရက်စီတိုင်းကို လေးလံရှည်ကြာစေရန် ဆွဲဆန့်နေလျက်။

ကျန်းယွမ်၏အခြေအနေက အဖန်တလဲလဲဖြစ်နေလျက် ဆိုးရွားလာဟန်တူ၏။စိုးရိမ်ရသောအခြေအနေသတိပေးချက်များ အများအပြားရှိလာကာ အကြိမ်တိုင်းထိတ်လန့်တုန်လှုပ်ရသောအကွေ့အကောက်တစ်ခုနှင့်ဖြစ်ပြီး မကောင်းဆိုးဝါးဂိတ်ဝအတွင်းသို့ လှမ်းဝင်နေသလို။

ကျောင်းစတက်ရပြီးသည့်နောက် ရှစ်အန်းမှာဆေးရုံနှင့်ကျောင်းကို အပြေးအလွှားသွားလာနေရတော့သည်။

 It Seems There is Light || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora