Chapter 41:ဖွင့်ပြောခြင်း

332 55 6
                                    

စက်ဘီးတွင်နောက်ခုံမရှိသဖြင့် ရှစ်အန်းမှာဆယ်မိနစ်ကျော်မျှ လမ်းလျှောက်ခဲ့ရသည်။

သူကကျင့်သားရရာ၌ အလွန်ညံ့လွန်းသဖြင့်
အကျွမ်းတဝင်မရှိသောနေရာ၌ တစ်ပတ်မျှနေကာ နှစ်နာရီမျှကားစီးခဲ့ရပြီးသည့်နောက် ပင်ပန်းလွန်းသဖြင့် မျက်လုံးများကိုဆက်၍ဖွင့်မထားနိုင်တော့ပေ။

သူကနန်ရှင်းတံတားပေါ်မှ ချင်းကျိုလမ်းကြားထဲကွေ့ဝင်တော့မည့်အချိန်၌ ယန်လျန့်ကရုတ်တရက် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလာခဲ့၏။

ငေးကြောင်ကြောင်ဖြစ်နေသော ရှစ်အန်းမှာရုတ်တရက်နောက်သို့ဆွဲခံလိုက်ရသဖြင့်သူ၏နောက်ဘက်ရှိ ယန်လျန့်၏ရင်ခွင်ထဲဝင်တိုက်မိလေတော့သည်။

လူငယ်လေး၏ကျစ်လစ်သော်လည်း ခိုင်မာသောရင်ဘတ်က အနွေးဓာတ်တို့ဖြာထွက်နေပြီး ပါးလျသောအထည်သားကိုဖြတ်၍ သူ့နောက်ကျောပြင်ကို ဖိထားခဲ့၏။သူကအတော်လေးကို ပို၍နိုးနိုးကြားကြားဖြစ်သွားခဲ့တော့သည်။

"ရှစ် ရှစ်အန်း"

ယန်လျန့်မှာ သူ့လက်ကောက်ဝတ်ပေါ်ရှိလက်ချောင်းများကို ချက်ချင်းလွှတ်လိုက်ကြောင်း ခံစားလိုက်ရ၏။

"ခဏလောက်စောင့်ပြီး ငါနဲ့လမ်းအတူလျှောက်ပေးလို့ရမလား?"

ယန်လျန့်ကအနည်းငယ်မျှ စိတ်လှုပ်ရှားနေသည်ဟု သူရှင်းပြ၍မရနိုင်လောက်အောင် ခံစားနေမိသည်။

သူကခရီးမှပြန်ရောက်လာပြီးဖြစ်ကာ ညစာလည်းမစားရသေးဘဲ ခရီးဆောင်အိတ်ကိုဆွဲထားကာ ယန်လျန့်သည်လည်း ကျော၌ဂီတာအိတ်ကိုလွယ်ထားပြီး မသုံးသောစက်ဘီးကိုတွန်းလျက် အေးအေးလူလူလမ်းလျှောက်နေခဲ့ကြ၏။

သူ၏အဖြေကိုမစောင့်ဘဲ ယန်လျန့်မှာ ချက်ချင်းခြေနင်းပေါ်မှဆင်းကာ ရှစ်အန်း၏ကျောပိုးအိတ်အလွတ်ကိုဆွဲယူပြီး စောင်းနေသောလက်ကိုင်တန်းပေါ်၌ ချိတ်လိုက်သည်။သူကခရီးဆောင်အိတ်ကို လမ်းဘေးတစ်ဖက်သို့ ပေါ့ပေါ့ပါးပါးပင်တွန်းလိုက်၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now