Chapter 21:တရုတ်နှစ်သစ်ကူး

264 58 1
                                    

အခန်းထဲရှိလူများ ရယ်မောသည့်အချိန်တိုင်း ရှစ်အန်းမှာအထူးပင် အထီးကျန်သည်ဟုခံစားရလေသည်။

မည်သည့်နေရာကရယ်ရခြင်းဖြစ်သည်လဲ သူမသိပေ။

အခန်းအတွင်းရှိမီးများကို တတ်နိုင်သမျှအနိမ့်ဆုံးထိ မှိန်ထားပြီး လေအေးပေးစက်မှလည်း ပူလောင်သောလေများကို အခန်းအတွင်းသို့ပို့လွှတ်နေခဲ့တော့သည်။သူ့အသိစိတ်များ စတင်၍ အနည်းငယ်မျှရီဝေလာရင်း ရှစ်အန်းမှာဆိုဖာနောက်သို့ ခေါင်းမှီထားခဲ့လေသည်။

ဆယ့်တစ်နာရီ၌ မိုးကြိုးပစ်သံတစ်ခုက ကောင်းကင်မှထွက်ပေါ်လာ၏။

ဆိုဖာနောက်တွင် ကြမ်းပြင်မှမျက်နှာကျက်ထိကြီးသော ပြတင်းပေါက်တစ်ခုရှိပြီး လိုက်ကာတစ်ဝက်မျှပွင့်နေကာ အခန်းတွင်းရှိနွေထွေးသောအဝါရောင်မှာ ဆက်တိုက်ထွက်ပေါ်လာသော မိုးခြိမ်းသံများနှင့်လိုက်ပါလာသည့် အေးစက်သောလျှပ်စီးတို့၏ဖောက်ဝင်လာခြင်းကို ခံလိုက်ရလေသည်။

အိပ်တစ်ဝက်၊နိုးတစ်ဝက်ဖြစ်နေလေသော ရှစ်အန်းမှာ လန့်နိုးသွားခဲ့လေသည်။မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြင်းထန်သောမိုးနံ့က နှာဖျားကိုရိုတ်ခတ်လာခဲ့တော့သည်။

မိုးကရုတ်တရက် ရွာလာခြင်း။ဆောင်းရာသီတွင် မိုးအနည်းငယ်ရွာလေ့ရှိသော်လည်း ဤမိုးကပြင်းထန်၏။ပြတင်းပေါက်အပြင်ဘက်၌ ရေငွေ့ရိုက်ပြီးဝိုးတိုးဝါးတားဖြစ်နေကာ ရေစက်များကမှန်ပြတင်းပေါက်တစ်လျောက် လိမ့်ဆင်းနေလျက်။

ရှစ်အန်း၏မျက်ဝန်းများကကျယ်ကာ အိပ်ချင်မူးတူးဖြစ်နေလျက် အခြားဘာကိုမှမစဉ်းစားနိုင်တော့ဘဲ ခြေဗလာဖြင့်ကြမ်းပြင်ပေါ်သို့ခုန်ချကာ သူ့အဝတ်အစားများကိုကယ်တင်ရန် လသာဆောင်သို့ပြေးသွားလိုက်၏။

ယန်မိသားစုမှာ အဝတ်အစားများလျှော်ရသည်ကို နှစ်သက်သည့်တိုင် မည်သည်ကိုမှအပြင်ထုတ်ချိတ်ခဲ့ခြင်းမရှိသဖြင့် ယခုအခါတီဗွီရှေ့၌သာ ထိုင်နေဆဲ။

မိုးသံကထစ်ကြိုးမြည်ဟည်းနေလျက်။မိုးစက်များက အပြာရောင်ကျောက်တုံးများဖြင့်လမ်းမျက်နှာပြင်ကို ပြင်းထန်စွာရိုက်ခတ်ကာ တောင်တန်းများတစ်လျှောက် မီးရောင်များဖြင့်မီးပုံးများက မိုးကန့်လန့်ကာထဲ၌ ဖြည်းညှင်းစွာတောက်ပနေခဲ့၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now