Chapter 43:ပွေ့ဖက်ချင်တယ်

339 53 0
                                    

မရဘူးဟုပြောသည့်တိုင် ရှစ်အန်းမှာယန်လျန့်အတွက် တံခါးဖွင့်ထားပေးဆဲသာ။

ကုတင်ခေါင်းရင်းအပေါ်ဘက်၌ ညအိပ်မီးရောင်လေးနှင့်အတူ ရှစ်အန်းမှာ ဘောလုံးသေးသေးလေးအဖြစ် သူ့ကိုယ်သူကွေးထားကာ နူးညံ့သောဆံပင်ထိပ်ဖျားလေးတစ်ဝက်ကိုသာ ထုတ်ဖော်ထားလေသည်။

ယန်လျန့်ကတံခါးကို ဂရုတစိုက်ပိတ်လိုက်ပြီးနောက်
ဖိနပ်များကိုချွတ်ကာ ခြေဗလာဖြင့် ကြမ်းပြင်ပေါ်နင်းရင်း အပေါ့ပါးဆုံး၊အနှေးကွေးဆုံးလှုပ်ရှားမှုများနှင့် ကုတင်ဆီသို့လျှောက်သွားလိုက်ပြီး ကျောပြင်ကိုခုံးကြွထားသော ကြောင်တစ်ကောင်လောက် တောင့်တင်းနေလျက်။

လှုပ်ရှားမှုများကို တတ်နိုင်သမျှပေါ့ပါးအောင်အားထုတ်ထားသည့်တိုင် ရှစ်အန်းကတော့သတိထားမိဆဲ။

စောင်ဖြင့်ပတ်ထားသောရှစ်အန်းက လူးလိမ့်လာကာ မျက်လုံးများဖွင့်ပြီး သူ့အားကြည့်လာ၏။

တစ်ဝက်မျှကုပ်ကုပ်ကလေးဖြစ်နေသော အနေအထားနှင့်ယန်လျန့်မှာ ရှစ်အန်း၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားကာ အသက်ရှူရပ်သွားလုမတတ်ပင်။

"ရှစ်အန်း ကိုယ်မင်းကိုနှိုးလိုက်မိတာလား?"

"မဟုတ်ဘူး"

ရှစ်အန်း၏အသံက အတန်ငယ်အက်ကွဲနေလေသည်။

"ငါအိပ်နေတာမဟုတ်ဘူး"

"မင်းဘာလို့မအိပ်တာလဲ? မင်းအရမ်းပင်ပန်းနေတဲ့ပုံပေါ်တာကို"

ယန်လျန့်ကသက်ပြင်းချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ကုတင်အစွန်း၌ထိုင်ချလိုက်ကာ သူ့လက်ဖဝါးကို ရှစ်အန်း၏ခေါင်းပေါ်တင်လိုက်လေသည်။

"အိပ်မပျော်လို့လား?"

ရှစ်အန်းကခေါင်းကို ညင်ညင်သာသာခါလိုက်သည်ကို ခံစားလိုက်ရ၏။

"အိပ်ငိုက်မနေဘူး မအိပ်ချင်ဘူး"

ရှစ်အန်းကမျက်နှာကို နူးညံ့သောခေါင်းအုံးထဲနှစ်ထားပြီး စောင်ကိုနှာဖျားထိခြုံထားကာ ကြည်လင်သောမျက်ဝန်းတစ်စုံကိုသာ ပေါ်လွှင်နေစေ၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now