Chapter 2:လက်ဆောင်

1K 119 2
                                    

ချင်းကျိုလမ်းကြားသည် အပြာရောင်ကျောက်တုံးများ၊သစ်သားအိမ်များနှင့်အစိမ်းရောင်ကြွေပြားများခင်းထားသော မြို့ဟောင်းရှိရှေးဟောင်းလမ်းတစ်လမ်းဖြစ်ပြီး မိသားစုအိမ်ပေါင်း 30 ကျော်ရှိကာ ပထမထပ်တွင်စားသောက်ဆိုင်များ၊ကော်ဖီဆိုင်များမှလက်ဝတ်ရတနာဆိုင်များနှင့်စာအုပ်ဆိုင်ငယ်များအထိ ဆိုင်ခန်းငယ်အချို့ကိုဖွင့်လှစ်ထားခဲ့လေသည်။အားလုံးမှာ ချင်းကျိုမှလူများကိုယ်တိုင် ဖွင့်လှစ်ထားခြင်းပင်။

နေရာကသိပ်မကြီးသော်လည်း ဆိုင်ကအလွန်သပ်ရပ်လေသည်။မျိုးဆက်ပေါင်းများစွာစီးပွါးရေးလုပ်ပြီးနောက်ပိုင်းတွင် စတိုင်ကျသောလမ်းငယ်လေးတစ်ခုဖြစ်လာခဲ့ပြီး တစ်နေ့လုံးလာရောက်လည်ပတ်သူအများစုမှာ ဒေသခံများသာဖြစ်၏။

ယခင်ကမြို့တော်သည် "မြို့ငယ်လေး၏ပုံရိပ်"ဟူသောပရိုမိုးရှင်းဗီဒီယိုကိုပြုလုပ်ခဲ့ပြီး ချင်းကျိုလမ်းကြား၏ဂန္တဝင်နှင့်အံဝင်ခွင်ကျရှိသော ပတ်ဝန်းကျင်နှင့်အတူ ရှုခင်းသာနေရာလေးတစ်ခုအဖြစ် လူသိရှင်ကြားပြသခဲ့လေသည်။ထို့နောက်တွင်တော့ ပြင်ပမှလူတော်တော်များများကလေထုနှင့်လတ်ဆတ်မှုကို ကြည့်ရှုရန်လာရောက်ခဲ့ကြတော့သည်။

များမကြာမီတွင် လူများစီးဆင်းမှုကျဆင်းလာသော်လည်း လုပ်ငန်းများကကောင်းမွန်နေဆဲသာ။ ၎င်းတို့မှာပျော်ရွှင်နေကြကာ သူတို့ရှာဖွေထားသောငွေများဖြင့်အနားယူကြပြီး လူတိုင်းသည် ဤလည်ပတ်မှုအခြေအနေကို အလွန်ကျေနပ်နေခဲ့ကြလေသည်။

နေကအလွန်ကောင်းမွန်ပြီး နိုဝင်ဘာရှိရာသီဥတုမှာအလွန်အေးခြင်းမရှိပေ။ရှစ်အန်းမနက်ထလာသောအခါ ဆေးကြောပြီးနောက်စာအုပ်တစ်အုပ်ကိုခဏမျှဖတ်ပေလိမ့်မည်။ရှစ်နာရီလောက်၌သူ့အဖွားက တံခါးလာခေါက်ပြီး မနက်စာစားရန်အပြင်ထွက်ခိုင်းမည်သာ။

သက်ရှည်ခေါင်းဆွဲတစ်ပန်းကန်ကို အရောင်ဖျော့ဖျော့စားပွဲခင်း ခင်းထားသောစားပွဲပေါ်တွင်တင်ထားပြီး ခေါက်ဆွဲ၏အပေါ်ဘက်တွင်အနည်းငယ်အညိုရောင်သန်းနေသောကြက်ဥကြော်ကို တင်ထားလေသည်။ထူထပ်သောအခိုးအငွေ့များက မြူတိမ်များလို။အဖွားကစားပွဲ၌ထိုင်ရင်း ပေါ့ပါးသောအပြုံးဖြင့်သူ့ကိုကြည့်နေကာ မျက်လုံးများကမကြည်မလင်ဖြစ်နေပြီး အလွန်ပူပြင်းသောခေါက်ဆွဲမှအငွေ့ဖြူဖြူများကြောင့် သူမကိုကြည့်ရသည်မှာဝေဝါးနေ၏။

 It Seems There is Light || ဘာသာပြန် 《Completed》Donde viven las historias. Descúbrelo ahora