နောက်ဆုံးစာမေးပွဲက သုံးရက်ကြာခဲ့လေသည်။
တွဲဖက်အထက်တန်းကျောင်းရှိ စာမေးပွဲခန်းများခွဲဝေနေရာချထားမှုသည် ဘယ်သောအခါကမှ ပုံမှန်ဟုတ်မနေခဲ့ဘဲ အလွန်ပင်ဖရိုဖရဲဖြစ်နေခဲ့ပြီး စနစ်မှကျပန်းသတ်မှတ်ထားခြင်း ဖြစ်နိုင်ပေသည်။
ရှစ်အန်းမှာခုနှစ်လွှာတွင် စာမေးပွဲဖြေရလေသည်။
သူက လှေကားများတက်ရခြင်းအားကစားကို လုံးဝမုန်းတီးနေခဲ့လေပြီ။
ယန်လျန့်က ခြောက်လွှာ၌ပင်။ရှစ်အန်းလေးလွှာသို့ တက်သွားပြီးချိန်တွင် ယန်လျန့်ကလှေကားထိပ်၌ စောင့်နေသည်ကို တွေ့လိုက်ရ၏။နှစ်ယောက်သားတွေ့ဆုံကာ လှေကားများကိုအတူတက်ခဲ့ကြလေသည်။
ယန်လျန့်မှာ လှေကားတက်သည့်အချိန်၌ လှေကားထစ်များကိုကျော်တက်ရသည်အား နှစ်သက်လေသည်။ခြေတံရှည်များနှင့်အတူ လှေကားထစ်အနည်းငယ်တက်ရုံဖြင့် အလွှာတစ်ခုကိုရောက်နိုင်၏။
ရှစ်အန်းနှင့်အတူလျှောက်သည့်အချိန်မှသာ သူကတစ်ကြိမ်ကိုလှေကားတစ်ထစ်နှုန်းနင်းကာ လှေကားထစ်များကြား ယိမ်းထိုးလှုပ်ရှားနေပြီး ဘယ်မှညာသို့ ဟိုယောင်ယောင်၊သည်ယောင်ယောင် လျှောက်သွားနေလေသည်။
စာမေးပွဲကာလအတွင်း အချိန်သည်အမြဲတမ်းရွှေ့လျားနေလေပြီး မျက်စိတစ်မှိတ်အတွင်း တတိယနေ့ရောက်ရှိလာ၏။
နောက်ဆုံးဘာသာရပ်ဖြစ်သော အင်္ဂလိပ်စာကို နေ့လည်၁၂နာရီ၌ ပြီးဆုံးခဲ့လေသည်။
စာရွက်များအပ်ပြီးနောက် အဆောက်အအုံထဲမှ အားပေးကြွေးကြော်သံများ ပွင့်ထွက်လာတော့သည်။
ရှစ်အန်းက စားပွဲအား ဖြည်းညှင်းစွာဖြင့်ဂရုတစိုက် သန့်ရှင်းကာ သူ့ပစ္စည်းများကို လက်မောင်းထဲထည့်လိုက်၏။သူကအပြင်ထွက်တော့မည်ဖြစ်ကာ ခေါင်းကိုလှည့်လိုက်ချိန်၌ ယန်လျန့်ကပြတင်းပေါက်မှတဆင့် သူ့ကိုပြုံးပြနေကြောင်း တွေ့လိုက်ရလေသည်။
နေ့လည်ခင်း၌ နေကတောက်ပနေကာ ခပ်ဖျော့ဖျော့အလင်းရောင်က ယန်လျန့်၏ကိုယ်ပေါ်၌လွှမ်းခြုံနေလေသည်။သင်ကြားရေးအဆောက်အအုံ၏ရှေ့၌ သစ်ပင်များစွာကိုစိုက်ပျိုးထားပြီး သစ်ရွက်များက အလင်းရောင်ထဲ၌တောက်ပနေလျက် ယန်လျန့်၏နောက်တွင် တလက်လက်တောက်ပရင်း ဖြန့်ကျက်နေခဲ့၏။
YOU ARE READING
It Seems There is Light || ဘာသာပြန် 《Completed》
RomanceTitle: 仿佛若有光 / It Seems There is Light Author: 许清让 / Xu Qingrang English Translator: arieskyei (Knox T) Chapters: 48 Chapters Tags: Romance, School life, Slice of Life, Yaoi 「ᴛᴏ ᴍʏ ʏᴏᴜᴛʜ~」 *I don't own any part of this story.This is just fun transl...