Chapter 35:စစ်မှန်သော

268 56 2
                                    

ရှစ်အန်းက ရုတ်တရက် သူ၏တူကိုချကာ အလျင်မအမြန်လှည့်သွားပြီး သီးသွားသဖြင့် ပါးစပ်ကိုအုပ်၍အပြင်းအထန်ချောင်းဆိုးလေတော့သည်။

ယန်လျန့်မှာ ဇွန်းကိုပစ်ချလုမတတ်ဖြစ်သွားကာ ကူညီ၍ သူ၏ကျောအားပုတ်ပေးရန်အတွက် ထရပ်လိုက်လေသည်။

သီးသွားခြင်းကြောင့် ရှစ်အန်း၏မျက်ဝန်းများက နီရဲနေကာ အသက်ရှုပုံမှန်ပြန်ဖြစ်သွားရန် အချိန်ခဏမျှယူခဲ့ရလေသည်။သူ၏မျက်ဝန်းများက အရည်ကြည်တို့လဲ့နေဆဲ။သူကခွက်ကိုကိုင်ထားကာ ရေတစ်ငုံမျှသောက်လိုက်လေသည်။

ယန်လျန့်က သူအဆင်ပြေသွားပြီဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ပြန်ထိုင်တော့မည့်အချိန်၌ ရှစ်အန်းက ရေခွက်ကိုအပြင်းအထန်တွန်းဖယ်လိုက်ကာ ငုံ၍ ပြင်းပြင်းထန်ထန် ချောင်းတသီတသန်းကြီးဆိုးပြန်၏။

ယန်လျန့်: "......"

"မင်း ဒီနေ့ဘာဖြစ်နေတာလဲ? ရေသောက်နေရင်းတောင် ဘယ်လိုလုပ်သီးသွားရတာလဲ?"

ယန်လျန့်မှာစိတ်ပူပန်နေသော်လည်း ရယ်လည်းရယ်ချင်နေမိ၏။သူကရှစ်အန်းကို တစ်ရှူးတစ်ရွက်ပေးလိုက်ကာ ကျောပြင်လေးအားပုတ်ပေးရန် လက်လှမ်းလိုက်လေသည်။

ရှစ်အန်းကသူ့ကိုလျစ်လျူရှုထားပြီး သူပြန်ဖြေလိမ့်မည်မဟုတ်ဟု ယန်လျန့်တွေးလိုက်မိသည့်အချိန်၌ ရှစ်အန်းကရုတ်တရက်ခေါင်းကိုလှည့်ကာ ပြောလာ၏။

"မင်းငါ့ကိုပြောနေတာလား?"

"......"

ယန်လျန့်ကသူ့အားကြည့်ကာ မျက်မှောင်ကြုပ်လိုက်မိတော့သည်။

ရှစ်အန်းက သူ၏ခံစားချက်များကို ဘယ်သောအခါကမှ မြင်သာအောင်ပြလေ့မရှိပေ။ယန်လျန့်က သူ့အား အလွန်သိနေခဲ့သည့်တိုင် တစ်ခါတစ်ရံ၌ ရှစ်အန်းဘာတွေတွေးနေသည်လဲ သူအတော်လေးကို နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ရှစ်အန်းကယခုစိတ်အခြေအနေကောင်းမွန်နေခြင်းမရှိကြောင်း သူခံစားမိ၏။

အထူးသဖြင့် သူကရှစ်အန်း၏မျက်ဝန်းများနှင့်ဆုံလိုက်ချိန်တိုင်း ရှစ်အန်း၏မျက်ဝန်းအောက်ရှိ တိတ်ဆိတ်ကာအကြွင်းမဲ့ဝမ်းနည်းမှုများကြောင့် ထိတ်လန့်သွားရလေ့ရှိသော်လည်း ၎င်းကသူ၏အမြင်မှားခြင်းသာ ဖြစ်ဟန်တူလေသည်။ရှစ်အန်း၏အမူအယာမှာ ယခင်ကအတိုင်း အေးစက်နေဆဲဖြစ်ကာ ခပ်ဖျော့ဖျော့မျက်ဝန်းတို့က အေးစက်စက်ရေထဲနှစ်ထားသော ပယင်းကဲ့သို့ပင်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now