Chapter 30:မျိုသိပ်ထားရန် ခက်ခဲခြင်း

274 55 0
                                    

ရှစ်အန်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အလုပ်များနေစေရန် အစွမ်းကုန်ကြိုးစားနေခဲ့လေသည်။

အားလပ်ချိန်များ၌ သူ၏စာရွက်စာတမ်းများ၊အတန်းအလုပ်များကို အဆက်မပြတ်လုပ်နေခဲ့ကာ
သူ့ကိုယ်သူ အလုပ်များနေစေရန်အတွက် ကျောင်းသားကောင်စီ၏အလုပ်တော်တော်များများကိုပင် ယူခဲ့လေသည်။

သူ့တွင်ဘာတစ်ခုကိုမှ စဉ်စားနေရန်အချိန်မရှိသဖြင့် အလုပ်များနေရသည်က အကောင်းဆုံးပင်ဖြစ်လေသည်။ညဘက်အိပ်ယာဝင်ချိန်၌ မျက်လုံးများကိုမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားနိုင်မည်ဖြစ်ကာ နောက်တစ်နေ့ မျက်လုံးဖွင့်လိုက်ချိန်၌ လုပ်စရာတစ်ခုခု ရှိနေမည်ဖြစ်လေသည်။

ရံဖန်ရံခါ အားလပ်နေသည့်အချိန်များ၌ သူကအမြဲတမ်း ကြောင်အနေမည်ဖြစ်ကာ သူဘာတွေလုပ်နေသည်လဲမသိတော့ဘဲ ခြေထောက်ကလေထုထဲ၌ရှိနေကာ ခွဲခြား၍မရနိုင်သော အာကာသဟင်းလင်းပြင်ထဲပြုတ်ကျနေသကဲ့သို့ပင်။

ကျန်းယွမ်၏ကိုယ်လုံးကိုယ်ပေါက်ကလည်း ပို၍ပို၍ဆိုးလာပုံရသည်ဟု သူခံစားနေရလေသည်။

ရာသီဥတုက ပို၍ပူလာသော်လည်း ကျန်းယွမ်၏အစားစားချင်စိတ်အာသီသက ပို၍ပင် ဆိုးလာခဲ့လေတော့သည်။သူမက နည်းနည်းသာစားခဲ့ပြီး တစ်ခါတစ်ရံ၌ အော့အန်ခြင်းမျိုးပင်ရှိခဲ့သည့်တိုင် ဆေးရုံသို့သွားရန် ငြင်းဆန်နေခဲ့၏။

အဘွားမှာ အထိတ်တလန့်ဖြစ်စေလောက်သည်အထိကို အလွန်အမင်းခေါင်းမာလှပေသည်။ရှစ်အန်းမှာ သူမကြောင့်အလွန်အာရုံထွေပြားနေလေသဖြင့် အမြဲတမ်း လက်ပိုက်ကြည့်နေရသောအခြေအနေကိုသာ ခပ်ရေးရေးမျှခံစားနေရလေတော့သည်။

ရှစ်အန်းမှာ အကြောင်းပြချက်မရှိ စိတ်တိုဒေါသထွက်လာတော့သည်။တစ်ခါကဆိုလျှင် ထုံကျစ်ရှင်းနှင့်ဆွေးနွေးနေချိန်၌ သဘောထားကွဲလွဲမှုများကြောင့် တဲ့တိုးအငြင်းအခုံဖြစ်ခဲ့လေသည်။

အဆုံး၌ ထုံကျစ်ရှင်းက သူ့အားမှင်တက်စွာကြည့်ရင်း ပြောလာခဲ့၏။

"မင်း ခုတစ်လောဘာဖြစ်နေတာလဲ?"

ရှစ်အန်းသည်လည်း အံ့ဩသွားခဲ့မိလေသည်။သူကမျက်မှောင်ကြုတ်ကာ နားထင်ကိုဖိလိုက်ပြီး နှလုံးသားအောက်ခြေ၌ မီးတောက်နေသလိုခံစားနေရတော့သည်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now