Chapter 36: Don't Cry

277 59 0
                                    

ယန်လျန့်ကိုပြန်ပို့ပေးပြီးနောက် ငြိမ်သက်စပြုနေပြီဖြစ်သော ရှစ်အန်း၏အတွေးများက ထပ်၍ပြည့်လျှံလာခဲ့ပြန်၏။

သူက အထိန်းအကွပ်မဲ့စွာဖြင့် လုချင်ကျစ်၏အေးစက်ကာ ဗလာသပ်သပ်မျက်ဝန်းများ၊အမူအယာမဲ့သောမျက်နှာ၊ဗလာနတ္ထိထဲပျော်ဝင်တော့မလို သိမ်မွေ့နူးညံ့လှသောအသံတို့ကို ထပ်ခါထပ်ခါပြန်၍မြင်ယောင်ကြားယောင်နေမိလေသည်။

သူကလုချစ်ကျစ်၏ အထိန်းအကွပ်မဲ့လှသောစိတ်ခံစားချက်များနှင့် သူမ၏စိတ်ချောက်ချားခြင်းတို့ကို ဘယ်သောအခါကမှ မမြင်မတွေ့ခဲ့ရဖူးပေ။

သူမက ဤမျှလောက်တိတ်ဆိတ်အေးစက်၍ အထီးကျန်ကာအေးဆေးဖြစ်လွန်းနေခဲ့၏။

ရှစ်အန်းမှာ ရှစ်ဝမ်၏သွင်ပြင်ကို အတော်လေးမေ့လျော့နေခဲ့ပြီးဖြစ်ကာ ညှို့ယူဖမ်းစားနိုင်ကာကြင်နာတတ်ပုံပေါ်သည့် မျက်ဝန်းတစ်စုံရှိကြောင်းကိုသာ ခပ်ရေးရေးမျှ မှတ်မိနေခဲ့လေသည်။လူများကိုကြည့်လာသည့်အချိန်၌ ၎င်းတို့ကလူများကို အနက်ရောင်မျက်ဆန်များ၏ အကန့်အသတ်မဲ့ကြင်နာသိမ်မွေ့မှုထဲ အထိန်းအကွပ်မဲ့နစ်မွန်းသွားချင်လာအောင် ပြုလုပ်နေခဲ့ပါ၏။

တကယ်တမ်းတော့ သူကသောက်စား၊လောင်းကစားလုပ်၊ဆေးလိပ်သောက်၍ ကောင်းမွန်သည့်အသားအရေသာ ရှိခဲ့၏။

ရှစ်ဝမ်စတင်သောက်စားလာခဲ့ချိန်က သူ၏အသံမှာအလွန်ကျယ်ပြီး ချက်ချင်းဆိုလိုမြေပြင်ပေါ်သို့လဲကျကာ သွေးအန်သွားနိုင်သည့်စိတ္တဇဝေဒနာသည်လိုပင်ဖြစ်ကာ အက်ကွဲကြမ်းတမ်းကာကြောက်မက်ဖွယ်အော်ဟစ်သံများက သူ၏လည်ချောင်းအတွင်းမှ ထွက်လာတတ်လေသည်။တစ်ခါတစ်ရံ၌ သူကမျက်နှာကိုမဲ့ရွဲ့ကာ ရဲရဲနီနေသောမျက်လုံးတို့ဖြင့် ဒေါသူပုန်ထလျက် လုချစ်ကျစ်၏နှာခေါင်းထံ လက်ညိုးထိုးထားခဲ့၏။

တစ်ခါတစ်ရံတွင်တော့ သူကခါးသီးစွာငိုလျက် မျက်နှာမှာ မျက်ရည်များနှပ်များဖြင့် ပြည့်နေပြီး တစ်ကိုယ်လုံးအနှံ့တုန်ယင်နေတတ်ပြန်၏။သူကမြေပြင်ပေါ်၌တွားသွားလျက် သူ့ကိုယ်သူပြင်းပြင်းထန်ထန်ရိုက်နှက်ကာ တောင်းပန်နေသောစကားလုံးများကို မပီမသပြောနေခဲ့လေသည်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now