part 8

244 6 4
                                    

"ခင်ဗျား ဘယ်လို့ဖြစ်ပြီးရောက်လာတာလည်း....ရန်ကုန် ကနေတောင်ကြီးကို" စုံစမ်းသလိုမေးလာတဲ့မျက်ဝန်းများကိုမရှောင်ပဲ
တည့်တည့်ကြည်ကာ
"အာ....ကိုယ်ကသည်ကျောင်းကိုထောက်ပံ့ထားတာလေ.....လာလို့မရဘူးလား"
တည်မြတ်မင်းနွယ် ရဲ့စကားကိုမယုံသလိုအသံပြုလိုက်လေသည်
"အော်....."
ဒါပေမဲ့ ကိုယ်နဲ့ကဒါရောဆိုဒုတိယအကြိမ်တွေ့တာဆိုတော့
တအားမရင်းနှီးတာကြောင့်
နေစက်ဝန်း အင်တင်တင်နဲ့ပဲခေါင်းငြိမ့်လိုက်သည်....တစ်ခုခုတော့ထူးဆန်းနေသလိုပဲ

"နေလေး...ဘာစားမလည်း"
"ကြက်ကြော်..ရှမ်းခေါက်ဆွဲ...ကော်ဖီခါးခါးလေး "

"အင်းကိုယ်မှာလိုက်မယ်"
တည်မြတ်မင်းနွယ် နေစက်ဝန်း ရဲ့မှာပုံတွေကိုကြည့်ကာ ကော်ဖီကြိုက် မှန်းသိလိုက်သည်.....သူ့ရဲ့ရင်ထဲမှာ တစ်ဖက်လူရဲ့အကြိုက်တစ်ခုကိုသိလိုက်ရလို့...ရင်ထဲမှာတစ်မျိုးလေးခံစားရလိုက်သည် အဲ့ဒါက မခံစားရတော့တာကြာပြီဖြစ်တဲ့ ဝမ်းသာသွားတဲ့ခံစားချက်ကို

"oki"
နေစက်ဝန်း လက်ကိုokပုံစံလုပ်ရင်းပြောလိုက်သည်
"ဒါနဲ့....စောနကကျောင်းသားကိုမင်းရိုက်လိုက်တာလား"
"ဟုတ်တယ်လေ....ဘာထူးဆန်းလို့လဲ"
နေစက်ဝန်း မထူးနားစွာပြန်ဖြေလိုက်သည်

"မင်းလေးကကျောင်းသားအစစ်ရောဟုတ်ရဲ့လား.ကွာ...."
"အဲ့ဒါဆို....ကိုတည်မြတ်မင်းနွယ် ကရော...ကျောင်းကိုရိုးရိုးထောက်ပံ့ရုံပဲရောဟုတ်ရဲ့လား"
ဟုနေစက်ဝန်းမျက်ခုံးတစ်ဖက်ပင့်ကာပြန်မေးလိုက်သည်
တစ်ကယ်ကိုကွာ.......လူကိုပက်ခနဲပြန်ပြောတတ်တဲ့ကောင်လေးကိုကြည့်ရင်း
​ေလထုကခနတိတ်ဆိတ်သွားသည်
ခနကြာတော့ တည်မြတ်မင်းနွယ် ရဲ့ရယ်သံကိုကြားလိုက်ရသည်

"ဟား....မင်းလေးကတစ်ကယ့်ကောင်လေးပဲ...ဒါနဲ့နာမည်ပြောင်းခေါ်ဖို့စိတ်ကူးမရှိဘူးလား"
တစ်ဖက်လူရဲ့အပြောကြောင်နေစက်ဝန်းစဥ်းစားလိုက်ရသည်
ဟုသားပဲအရင်တစ်ခါကနာမည်ပြောင်းခေါ်ပေါ့ပြောထားတာပဲ
"ဟမ်း .....အဲ့ဒါက...ကိုတည်...ဦးတည်"

"မကောင်းဘူး "
ရိုးလွန်းတယ်....အသက်ကြီးလွန်းတယ်လို့ခံစားရတယ်
"မကောင်းဘူးလား....ဘယ်လိုခေါ်ရမလည်း"
"ခေါ်ချင်သလို သာခေါ်"
"မင်းနွယ်.... "
"မကောင်းဘူး...."
ဒါကမလေးစားရာကျတယ်
"ဟမ့်"
နေစက်ဝန်း စိတ်မရှည်စွာနှာမှုတ်လိုက်သည်.....ဘာကိုကြိုက်သလိုခေါ်ရမှာလည်း...မကြိုက်တာကများနေတာကို

ကိုယ့်ရဲ့စက်ဝန်းWhere stories live. Discover now