part 37

83 5 1
                                    

ခန့်ခွန်းစံရာ.... ထိုင်နေရာကနေထပြီးအခန်းထဲဝင်သွားတော့
မျက်လုံးမှိတ်ပြီးလှဲနေတဲ့..Joeကိုတွေ့လိုက်ရသည်
ဘေးကခုံတစ်ခုကိုဆွဲကာထိုင်ရင်း...Joeရဲ့မျက်နှာကိုငေးကြည့်နေမိသည်

"ဘာလို့...အ...ရတာလဲJoeရာ...."

အပြောလေးနဲ့အတူ....အတိတ်ရပ်ဝန်းတစ်ခုကိုအလည်သွားခဲ့လေသည်

"မြန်မြန်မောင်း.....နေအောင်တို့စောင့်နေပြီ"

ခန့်ခွန်းစံရာ driver လုပ်သူကိုပြောလိုက်သည်

ကားကသည်နေ့ကျမှပျက်သွားတာမို့..
..အဖေ့ရဲ့ကားကိုငှားလာရသည်
ကိုယ်တိုင်မောင်းမယ်ဆိုတော့ပေးမမောင်း....အဖေကသူ့ကားကိုပျက်စီးမှာသိပ်ကြောက်...အခုလည်းdriverထည့်ပေးလိုက်ခြင်းသာ

"ဟုတ်ကဲ့ "

driver ဦးလေးမှာမိမိအပြောကြောင့်အရှိန်တင်လိုက်သည်

ကားလေးကအရှိန်နဲ့သွားနေတုန်းအကွေ့တစ်ခုအရောက်
ရှေ့ကဖြတ်​ပြေးလာတဲ့ပုံရိပ်တစ်ခုကြောင့်....driver မှာ
ဘရိတ်ဆွဲအုပ်လိုက်သည်....

ဒါပေမဲ့အချိန်ကသိပ်နောက်ကျသွားကာ...ဒုန်းဟူသော
တိုက်မိသံထွက်ပေါ်လာပြီ
...ကားလေးပါထိုနေရာ၌ရပ်သွားသည်

"သခင်လေး....အဆင်ပြေရဲ့လား "

driver ဦးလေးမှာပျာပျာသလဲလှည့်မေးလိုက်သည်
နှောက်သွားတဲခေါင်းကိုတစ်ချက်ခါရင်းပြောလိုက်သည်

"ဘာဖြစ်တာလဲ...ဆင်းကြည့်"

အလျင်လိုနေပါတယ်ဆိုနေမှ

"ဟုတ်...ဟုတ်"

driver လုပ်သူမှာကြောက်ကြောက်လန့်လန့်နဲ့ဆင်းသွားကာ
ခနနေတော့ဘေးနားပြန်ရောက်လာသည်

"သခင်လေး....လူတစ်ယောက်ကိုတိုက်မိသွားတယ်....."

"ကျစ်...ဆေးရုံကားခေါ်လေ...ဘာလုပ်နေတာလဲ "

"ဟုတ်...ဟုတ်"

ဆေးရုံကားဖုန်းခေါ်ကာမကြာမီဆေးရုံကားရောက်လာသည်
driver ဦးလေးကြီးကစိတ်ပူလို့ထင်တယ်...
.အဖေ့စီကို့ပါဖုန်းဆက်လိုက်သည်မို့....
ခန့်ခွန်း ကိုယ်တိုင်ပါဆေးရုံသို့လိုက်ရချေပြီ.....
ကားတစ်ရက်လေးပျက်တာနဲ့ကောင်းကျိုးကိုမပေးဘူး

ကိုယ့်ရဲ့စက်ဝန်းWhere stories live. Discover now