"ကို..ကို..... ဘယ်ကိုပြေးနေတာလည်း....နေအုံး "
ပိုင်ထက်သူ နောက်ကနေအမှီလိုက်ပြီးထက်ပိုင်ရဲ့လက်ကိုဆွဲလိုက်သည်
"မင်း...ငါ့ကိုလွှတ်"
"ဟုတ်ပြီ....ဟုတ်ပြီ....လွှတ်လိုက်ပြီ....ဘာလို့ထွက်ပြေးနေတာလည်း"
"ငါ...ငါဘယ်မှာပြေးနေလို့လည်း....ကန်းနေတာ လား"
ပြေးနေတာကိုမပြေးဘူးဟုအတင်းဇွတ်ငြင်းနေသောချစ်ရသူအား
ပိုင်ထက်သူ မငြင်းချင်တော့ပါ"ဟီး....ရော့သည်မှာ...ပန်း"
ထက်ပိုင် လက်ထဲရောက်လာတဲ့ပန်းစည်းကိုကြည့်ပြီး
ရှံ့မဲ့သွားသည်"ငါကဘာလုပ်ရမှာလည်း"
"ကိုကိုကလည်းချော့တဲ့ဟာကို"
"ဘောကိုချော့လေ...ငါကစိတ်ဆိုးနေလို့လား"
"ဘောကိုကယူပြီးမှချော့မယ် ...အခုကလူကိုအရင်ချော့မယ်"
"ခွေးသူတောင်းစားတော့...ချီးလိုစကားတွေပြောနေတာလား"
"ကိုကိုကလည်း....အသက်ရွယ်နဲ့မလိုက်အောင်အဆဲပုတ်တာ"
"မင်းနဲ့ဆိုင်လို့လား"
"ဆိုင်တာပေါ့...ကိုကိုကကျွန်တော့်အမျိုးသားပဲဟာ"
"ဘောကိုအမျိုးသားလေ"
"ဟ...မသိဘူးလား နှလုံးသား လေးနာကျင်သွားပြီဟိုဘက်နေ့ကအတူနေပြီးတော့"
"မင်း.....အဲ့အကြောင်းထပ်ပြောရင်အဲ့အပေါက်ကိုဆို့ထားမှာနော်"
"ကိုကို...သာလုပ်မယ်ဆိုဘာလုပ်လုပ်ခံမယ်"
"သည်သောက်ကောင်တော့..ပြောလေကဲလေ...ငါသတ်မိတော့မယ်"
"စတာ...လာပါထမင်းသွားစားရအောင်"
"မအားဘူး.. လုပ်စရာတွေတစ်ပုံကြီးရှိသေးတယ်"
"အဲ့ဒါ ဆို....လုပ်ကူမယ်လေ"
"မင်းကဘာလုပ်တတ်မှာမလို့လည်း"
"ကျွန်တော်ကအကုန်လုပ်တတ်တယ်.."
ထက်ပိုင် တစ်ဖက်လူကိုမယုံသင်ကာကြည့်လိုက်သည်
"ဘယ်မှာလဲ... ပြ...ကျွန်တော် လုပ်ပြမယ်"
"တော်ပါ...ငါ့ကိုသေတွင်းမပို့ပေးနဲ့"