ခန့်ခွန်းစံရာ ဖုန်းထုတ်ကာ နေစက်ဝန်း ဆီဆက်သွယ်လိုက်သည်
"နေစက်ဝန်းလေး....."
"အမိန့်ရှိပါboss....ဟီး...."
နေစက်ဝန်း အသံကိုအချိုသားဆုံးသုံးကာပြောလိုက်လေသည်
"အလုပ်တောင်မဆင်းရသေးဘူးbossတဲ့"
"အခေါ်ကျင့်ကြည့်တာ"
"အရင်လိုအကိုပဲခေါ်ပါ"
"ကောင်းပါ့မလား...တစ်ခြားသူတွေက"
"ကိုယ်ကောင်းရင်ကောင်းတယ်....ကိုယ်ကbossပဲဟာ"
"ဟီး....ဟုတ်အဲ့ဒါဆို...အစ်ကိုခန့်ခွန်း လို့ပဲခေါ်တော့မယ်"
"သဘောပါ"
"ဒါနဲ့ဘာလို့ဖုန်းဆက်တာလည်း"
"အော်....မနက်ဖြန် အလုပ်လာရင်.
..ကိုယ်ဆီမှာပဲလုပ်.....ကိုယ်သင်ပေးမလို့""ကောင်းပေါ့မလား....ကျွန်တော်
ကအလုပ်သင်အနေနဲ့ဝင်တဲ့ဟာကို""မင်းတော်လားမတော်လား...project တစ်ခုပေးမယ်လေ...အောင်မြင်ရင်တန်းခန့်မယ်.
..ပြီးတော့မင်းကrole 1ပဲဟာ""ကျေးဇူးတင်ပါတယ် ဗျ.....အဲ့လောက်လဲ မဟုတ်ပါဘူး.... "
"ငြင်းမနေနဲ့တော့....မနက်ဖြန် ကိုယ့်ဆီကိုသာတိုက်ရိုက်လာခဲ့"
"ဟုတ်...bossရဲ့စကားနားထောင်ပါမယ်ဗျာ"
"လိမ္မာလိုက်တာ.... ကိုယ်ဖုန်းချလိုက်တော့မယ်...ညနေအစည်းအဝေးရှိလို့"
"ကောင်းပါပြီ.. ဂရုစိုက်နော်..."
"စိတ်ပူလို့လား...ကိုယ့်ကို"
"ဖုန်းချလိုက်ပြီ"
ရှက်ပြီးဖုန်းချသွားတဲ့ကောင်လေးကိုခန့်ခွန်းစံရာပြုံးလိုက်မိသည်
မင်းနဲ့ပိုရင်းနှီးပြီးမင်းနဲ့ပထမဆုံးတွေ့လည်းဘာအရေးလည်း
ကလေးကငါ့အပိုင်ပဲ....ချမ်းမြေ့စံရာ"ဟက်.......ခန့်ခွန်းစံရာ အိမ်မက်သာမက်နေလိုက်....ခင်ဗျား ကိုကျိန်ဆဲချင်နေတာ..."
နေစက်ဝန်း တိုးတိတ်စွာရေရွတ်ရင်း....
ချစ်ရသူနဲ့တွေ့ဖို့ပြင်ဆင်လိုက်တော့သည်