"အကိုကြီး..... "
"အကိုခန့်ခွန်း "
အသံနှစ်သံပြိုင်တူထွက်ကာ..ခေါ်လိုက် သည်
သီဟစံရာ မှာ ရုတ်တစ်ရက်ရောက်ချလာတဲ့ ခန့်ခွန်းစံရာ ကြောင့်ထိတ်လန့်သွားသည်။
စောနကသူပြောတဲ့စကားများကိုပြန်စဥ်းစားရင်း ကြားသွားမှာကိုစိုးရိမ်လေသည်
ကြားသွားရင် သူ့ကိုမုန်းသွားမလား စိတ်ကုန်သွားမှာ လား"အကိုခန့်ခွန်း... အကိုရောက်လာတာနဲ့အတော်ပဲ...သူက"
"တိတ်စမ်း!!!!!"
ခန့်ခွန်းစံရာ နှင်းပုလဲ ရဲ့စကားကိုဖြတ်ကာအော်လိုက်သည်
ခန့်ခွန်းစံရာ ရဲ့အော်သံကြောင့်.... နှင်းပုလဲ
ကိုယ်လေးတုန်သွားသည်
သီဟစံရာ မှာလည်း လန့်ကာ...နံရံဘက်ကိုပိုတိုးမိသွားသည်"မင်းတို့ဒါဘာလုပ်တာလည်း....မင်းတို့မိန်းကလေးတွေဖြစ်ပြီး...သည်လိုအနိုင်ကျင့်ရလား"
ခန့်ခွန်းစံရာ ရဲ့စကားကြောင့် နှင်းပုလဲ မှာမျက်ရည်ဝဲလာသည်
သီဟစံရာ ကတော့ မယုံနိုင်တဲ့အကြည့်များနဲ့ကြည့်ကာ အံ့သြမင်သက်နေသည်ဒီသဘောက..အကိုကြီး စောနက စကားများကိုမကြားဘူးပေါ့
ထိုအမူအရာကြောင့် သီဟစံရာ သက်ပျင်းချမိသည်"မဟုတ်ဘူး...အကိုထင်သလိုမဟုတ်ဘူး...ညီမကသည်
အတ်ိုင်း...ကြောက်သွားအောင်ခြောက်ရုံလေးပဲ....အကိုသိလား...သူက...အကို့ကိုကြိုက်နေတာ...ညီအကိုချင်းကြိုက်နေတာ"နှင်းပုလဲ ရဲ့ပြောဆ်ိုမှုကြောင့်....သီဟစံရာ မှာကြောက်လန့်ကာ...ခန့်ခွန်းစံရာ ကိုကြည့်လိုက်သည်
ခန့်ခွန်းစံရာ မှာလည်း သီဟစံရာ ကိုကြည့်နေတာကြောင့်
အကြည့်ချင်းဆုံသွားသည်း"အကို...သူ့ကိုမယုံနဲ့...သူကမြေခွေးလိုအကောင်..."
နှင်းပုလဲ ရဲ့စကားကို လျစ်လျှူရှူ့ရင်း
ခန့်ခွန်းစံရာ မှာဘာမှမပြောပဲ.....သီဟစံရာ ကိုကြည့်မြဲကြည့်နေလေသည်
သီဟစံရာ မှာ..ကြောက်လွန်းအားကြီးကာ...အသားတွေတုန်နေတော့သည်