အမောတကောပြေးထွက်သွားတတဲ့ ခန့်ခွန်းစံရာကိုကြည့်ပြီး နေယွန်းခေါင်းယမ်းလိုက်သည် ကြည့်ရတာ သီဟတစ်ယောက်ပြန်ပါသွားတော့မယ်ထင်တယ်
တံခါးပိတ်ကာ နေယွန်းအပေါ်ပြန်တတ်ဖို့ပြင်လိုက်သည်
ထိုအချိန်မှာပဲ"ဒူး ဒူ ဒူ......."
စားပွဲပေါ်ကဖုန်းက တုန်ခါလာလေသည်"ကျစ်.....ငါသည်နေ့အပေါ်ကိုတတ်ရပါတော့မလားကွာ"
နေယွန်းပွစိပွစိရွတ်ကာ လှေကားပေါ်ကပြန်ဆင်းပြီးဖုန်းကိုင်လိုက်သည်
contant nameကိုမြင်လိုက်ရတဲ့အခါမှာ မကြည်သာမှုတွေပြေပျောက်သွားလေသည်
''ကိုကို ချမ်းမြေ့'
'နေငယ်....ကိုယ်ပြန်လာပြီ"
"ဟီး......"
"ခနနေ နေငယ့်အိမ်ကိုရောက်မယ် ''"အင့်....သီဟပါရှိနေတယ် အခုအပြင်သွားတယ် "
"ဟုတ်လား...."
"အင့်....ဂရုစိုက်လာနော် "
"ဟုတ်ပြီ ကိုယ်ဖုန်းချလိုက်တော့မယ်"
"ဟုတ်"
ကျသွားတဲ့ဖုန်းကိုကြည့်ကာနေယွန်းပြုံးဖီးနေမိသည်
ရေသွားချိုးပြီး လန်းလန်းလေး၀တ်ရမယ်
အယ်....သည်ခါ ဖုန်းကိုအပေါ်ယူသွားမယ် တော်ကြာ ဘယ်ကမှန်းမသိ ဖုန်းလာနေလို့ခုန်စွခုန်စွနဲ့လှေကားပေါ်တတ်တုန်း သုံးထစ်မြောက်လောက်မှာ လက်ထဲက ဖုန်းကတုန်ခါလာပြန်သည်
နေယွန်းကြည့်လိုက်သည် သီဟ၏အမေထံကဖြစ်သည်
''ဟယ်လို...အန်.."
"သားငယ် သီဟရော သီဟလေးဘေးမှာရှိလား "
နေယွန်း၏စကားသံမဆုံးမီ တစ်ဖက်လူရဲ့စိုးရိမ်ကြောက်ရွံသံနဲ့အတူ ဖြတ်မေးခြင်းခံလိုက်ရသည်
"ဗျာ.....ဘာ ဘာဖြစ်လို့လဲ"
"ခန့်ခွန်း.....သား ခန့်ခွန်းအဲ့ကိုလာသေးလား''
"ဟမ် လာတယ်လေ အန်တီဘာဖြစ်လို့လဲဟင်"
"သား....သီဟ ရောဘေးမှာ လား"
''သူအပြင်သွားတယ် ဘာဖြစ်လို့လဲ"
"ဟင့် ကိုရေ လုပ်ပါအုံး သားငယ် သားငယ် ဆင်ပြေလားမသိဘူး တစ်ခုခုဖြစ်ပြီးလားပဲ သားကြီး မဟုတ်မှ"