ထက်ပိုင် အပြင်ကနေပြန်လာပြီး
သူထိုင်နေတဲ့နေရာမှာပဲငြိမ်ငြိမ်ကုပ်ကုပ်လေးသွားထိုင်နေသည်ပိုင်ထက်သူ အခုထိသန့်စင်ခန်းတံခါးနားမှာကြောင်နေတုန်း
စောနကသူ့ရဲ့အချစ်လေးထက်ပိုင်ရဲ့စကားကြောင့်ပျော်ရွှင်နေလေရဲ့"မင်းတို့ဆရာပိုင်ထက်သူကငါ့ရည်းစားတဲ့လား"
"ကိုကိုရေ...စကားကျွံရင်နှုတ်မရဘူးနော်...ပြောပြီးစလစ်ပဲ...."
ထိုင်နေရင်းအနားကိုတစ်ဖြည်းဖြည်းတိုးလာတဲ့လူကြီးကြောင့်စိတ်ကတိုလာသည်
"ဘယ်လိုဖြစ်နေတာလဲ "
"ဟင့်အင်း...... ဘာမှမဖြစ်ဘူး..... ချစ်လို့"
အာလေးလျှာလေးနဲ့ပြောနေတဲ့လူကြောင့်နေစက်ဝန်းခေါင်းကိုက်ချင်လာသည်.....
ခနအကြာမှာတည်မြတ်မင်းနွယ်လက်တွေကရေဘဝဲတစ်ကောင်လိုဖက်တွယ်လာပြိး.....တည်မြတ်မင်းနွယ် ရဲ့ ခေါင်းက
နေစက်ဝန်းလည်ပင်းကိုဦးတည်သွားသည်.
..တစ်ခြားလူတွေကြည့်ရင်တော့မူးလို့မှီနေတာပေါ့.
...အမှန်တစ်ကယ်အကြံသမားကလည်ပင်းကို
တစ်တိတိနဲ့ကိုက်လိုက်စုပ်လိုက်လုပ်နေတာ...
နေစက်ဝန်း ဘေးနားကလူတွေကြည့်လိုက်တော့သူ့အာရုံနဲ့သူမလို့မမြင်ကြဘူး....တော်သေးတာပေါ့ မဟုတ်ရင်သောက်ရှက်ကွဲအုံးမယ်....
ဖက်တွယ်နေတဲ့လူကိုဖယ်သော်လည်းမရ..
..နေစက်ဝန်း စိတ်ကတိုလာပြီ...."ကျစ်... သည်အဖိုးကြီးကတော့ "
"ကိုကို....မနမ်းနဲ့တော့လူတွေအများကြီးရှိတယ်...အပြင်ထွက်ရအောင်နော်"
"အင်း...."
အင်းလို့သာပြန်ဖြေတယ်...နမ်းနေတာကိုမရပ်မသိရင်ကလေးကသကြားလုံးစားနေတာကြလို့
အခုချိန် မှာတည်မြတ်မင်းတွယ်ကိုဘာပြောပြောနားမဝင်တော့တာမို့နေစက်ဝန်းလက်လျော့လိုက်ရသည်
နေစက်ဝန်း သည်လိုပုံနဲ့ဆက်ထိုင်နေရင်အရှက်ကွဲချေတော့မည်
ထိုအချိန် မှာပဲနေစက်ဝန်းအခန်းပြင်ထွက်သွားဖို့ပြင်လိုက်တော့သည်"ဟို...ကျွန်တော် တို့ပြန်တော့မယ်...လူကြီးမင်းတို့bossကလည်းမူးနေပြီဆိုတော့....ဒါပေမဲ့ အားရပါးရသောက်ကြပါ....ကျွန်တောပိုင်ထက်သူကိုပြောထားတယ်....ခနနေသူလာပါလိမ်မယ်"