"နေ....နေစက်ဝန်း ငယ်"
ခန့်ခွန်း စံရာ လက်တစ်ဖက်ကိုမြှောက်ကာတစ်ဖက်လူကိုလှုပ်ကိုင်နှိုးလိုက်သည်"ဟင့်.......ဟင့်......ဟင့်.....နာတယ်"
တစ်ဖက်လူကသူ့ကိုကျောပေးကာရှိုက်သံထွက်ပြီးငိုလာသည်
တစ်ဖက်လူရဲ့အသံကြောင့် ခန့်ခွန်းစံရာ လန့်သွားကာ
ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့ပေ"ဒူ......ဒူ.....ဒူ......"
ထိုအချိန်မှာ ခန့်ခွန်းစံရာ ဖုန်းသံကိုကြားလိုက်ရသည် ဖုန်းပေါ်ကcontactကိုကြည့်လိုက်တော့
"Daddy.....!!!!"ဟုရေးထိုးထားသည်
"ကျစ့်....."
ခန့်ခွန်းစံရာ အဖေလုပ်သူ၏ဖုန်းမှန်းသိသွားတဲ့အခါကျစ်တစ်ချက်စုပ်လိုက်သည်
"ဟယ်လို...အဖေ"
"ခွေးသူတောင်းစား....မင်းသောက်ရှက်ရောရှိသေးရဲ့လား...ဟမ်...အခုမင်းရဲ့လီးသရမ်းထားမှုတွေကအခုonlineမှာပြန့်နေတယ်ဆိုတာသိရဲ့လား"ဖုန်းစကိုင်ကိုင်ချင်းမှာပဲတစ်ဖက်လူရဲ့ဆဲဆိုသံကနားထဲအတောင့်လိုက်ဝင်လာသည်
"............."
"ဘာလို့သောက်အပေါက်ကပိတ်နေတာလည်း.....ဟမ်....မင်းအခုလိုလုပ်လို့shareစျေးတွေကျသွားပြီကွ....ခွေးသူတောင်းစား မွေးရကျိုးမနပ်တဲ့အကောင်...မင်းအချိန်အတိုအတွင်းဖြေရှင်းနိုင်မယ်လိုငါယုံကြည့်တယ်....မဟုတ်ရင်...ငြိမ်းစံရာကနေထွက်သွားတော့...တောက်"ဦးလွှမ်းစံရာ...ပြောချင်တာကိုပြောပြီးဖုန်းချလိုက်လေသည်
"ကျစ်....ဟာကွာ...."
အော်ဟစ်အသံနဲ့အတူ...ဖုန်းလေးမှာနရံထက်ပြင်းထန်စွာရိုက်ခတ်ရင်းကျိုးပဲ့သွားလေသည်
"ဟင့်......ဟီး.......ဟီး ......ဟင့်..."
တစ်ချိန်ထဲမှာပဲ...အိပ်ယာထက်ကကောင်လေးရဲ့ငိုသံကပိုကျယ်လာလေသည်
ခန့်ခွန်းစံရာမျက်ခုံးတွန့်လိုက်သည်....သူ့ရဲ့နေစက်ဝန်းဆိုရင်...အနည်းဆုံးတော့သည်လောက်ထိငိုနေမှာမဟုတ်...မသကာ်ဖြစ်ကာ တစ်ဖက်လူရဲ့လက်မောင်းကိုဆွဲပြီးသူ့ရဲ့ဘက်ကိုဆွဲလှဲ့လိုက်တော့......
ရွှေဝါရောက်မျက်ဝန်းလေးနဲ့....အမေရိကန်ကောင်လေး