"ထတော့...သီဟ"
နေယွန်း ၈နာရီ ရှိနေပြီဖြစ်သော်လဲ မထသေးတဲ့...သီဟစံရာ ကိုနိုးနေရသည်
"အင်း......ဟင်း....."
သီဟစံရာ မှာ...အပျင်းကျောဆွဲကာ စောင်တွေကိုကန်လေသည်
"ဟ....စောင်တွေကန်မချနဲ့လေ"
"အား.....မထချင်ဘူး..... "
"ထ....ငါအန်တီကိုဖုန်းဆက်ထားတယ်"
"ဘာ....ဘာလို့လဲ... ငါမပြန်ချင်ဘူး"
ငါမပြန်ဘူးနေရာမှာ...သီဟအသံတိမ်ဝင်သွားသည်
အိမ်ပြန်ပို့မယ်အထင်နဲ့...အတင်းကုန်းရုန်းထကာ...မျက်နှာငယ်နဲ့မပြန်ဘူးငြင်းနေတာကြောင့်
သက်ပျင်းချမိသည်"ဘာတွေစိတ်မကောင်းဖြစ်နေတာလဲ....မင်းကိုသည်မှာတစ်ပတ်လောက်ခေါ်ထားမယ်လို့လှမ်းပြောတာ"
"အမ်....အတည်လား....တစ်ကယ်ကြီး လား"
အံ့အားသင့်က...ကုတင်ပေါ်ခုန်ပြီးအတင်းမေးနေတာကြောင့်
ရယ်ရမလိုငိုရမလိုဖြစ်ရပြန်သည်"ဟေ့ကောင်.... ကုတင်ပေါ်မခုန်နဲ့...."
"အား....ဒါမှငါ့သူငယ်ချင်းကွ"
ဆိုပြီး....ပိုလို့ပင်ခုန်လေသည်"အား......မကောင်းတဲ့အကောင်...ကုတင်ပေါ်မခုန်နဲ့ လို့..
..ကုတင်ကျိုးရင်...မင်းပြန်ဝယ်ပေးရမယ်"စသဖြင့်....ကောင်လေးနှစ်ယောက်ပဲရှိတဲ့အိမ်ရဲ့ မနက်ခင်းက ဆူညံသံတွေ...ရယ်သံတွေ...အော်ဟစ်သံတွေနဲ့ပြည့်နက်စွာ...အစပြုခဲ့သည်
မနက်ခင်း... ထမင်စားဝိုင်း၌....နေယွန်း တို့ထိုင်ကာမနက်စာစားလေသည်
"ကြီးမေ....နေလည်စာကို...သူ့အကြိုက်ချက်ပေးလိုက်ပါ"
"အင်းပါ....သားလေ...ဘာစားချင်လဲ..."
ကြီးမေ မှာ.....မွေးကထည်းထဲနေယွန်းကိုဂရုစိုက်လာတဲ့လူယုံအိမ်အကူဖြစ်လေသည်....
ကြီးမေမှာ....သီဟဘက်ကိုလှည့်ကာ
...ကော်ဖီ ချပေးရင်း...မေးလေသည်"ဟမ်....ဘာစားချင်လဲ ဆိုတော့....အမဲသားခရမ်းချဥ်သီးနှပ်နဲ့.....အရွက်ကိုအဆုံကြော်....ပြီးတော့....ဖျော်ရည်က.
...စတော်ဘယ်ရီ"